"မေမေ ကိုကိုတို့ပြန်လာပြီ!!"
သမီးငယ်က အခန်းထဲသို့ အလောတကြီးဝင်လာကာပြောတော့ ဒေါ်နွေခင်ရင်ထဲ ဒုန်း ခနဲဖြစ်သွားသည်။ထိုင်ခုံက နေရုတ်တရက် ထလိုက်တော့ ဒီရက်ပိုင်းအတွင်း စိတ်ပင်ပန်း တဲ့ဒဏ်တွေကြောင့်လူက မိုက်ခနဲဖြစ်သွားတာမို့ ခုံပေါ်ပြန်ထိုင်ချလိုက်သည်။
မိုးစက်က သူမအနီးသို့ရောက်လာသည်။
"မေမေ နေ သာရဲ့လား?"မိုးစက်ကို လက်ကာ ပြမိသည်။
"မေမေ သူတို့နဲ့ထွက်မတွေ့တော့ဘူး...ပြန်လွှတ်လိုက်တော့..""မေမေ...."
"မေမေအပြစ်ရှိသလိုခံစားရတယ်...မိုးစက်! သမီးအကို မိုးစစ်ဟန်ကို စိတ်ဝင်စားနေမှန်း မေမေ သူစံကားသွားတဲ့အချိန် မှသတိထားမိတာ! အဲ့နေ့က ထွဋ်ခေါင်ဆိုတဲ့ကောင်လေးပါ ခရီးလိုက်မယ်ဆိုပြီးသူ မေမေ့ကို လိမ်ခဲ့တယ်...နောက်နေ့အိမ်ကို ထွဋ်ခေါင် ဆိုတဲ့ကလေး ရောက်လာတယ်လေ...
သူစံကားမပါသွားဘူး !သူက အဲ့ခရီးစဉ်ကိုသိတောင်မသိဘူးလေ..မေမေ့ရဲ့သံသယတွေကအဲ့မှာစတာ""ဒါပင်မယ့် မေမေရယ်.."
"မေမေအဲ့တုန်းက ကိုယ့်ကို အပြစ်တင်ခဲ့တယ်... ငါ့သားကယောက်ျားတစ်ယောက်ကို ကြိုက်နေတာ ငါသွန်သင်မှုမကောင်းလို့ဆိုပြီး..အခုလည်း မေမေကိုယ့်ကို အပြစ်တင်မိတယ်.. ဘာလို့ ငါ့သားကို ငါ လက်မခံပေးခဲ့ရတာ ဆိုပြီးတော့...မဆိုးပေဘူးလား မိုးစက်ရယ်..."
"..."
ဒေါ်နွေခင်က လိမ့်ဆင်းလာတဲ့မျက်ရည်တွေကို ခပ်ကြမ်းကြမ်းဖိသုတ်လိုက်သည်။
"သားသမီးချင်းကိုယ်ချင်းမစာပဲ မဆီမဆိုင် လူတယောက်ကို အသုဘနဲ့ကြုံနေတဲ့ ပူပူနွေးနွေးအချိန်မှာ ဖိအား တွေအများကြီး ပေးခဲ့မိတာ!ရှက်လို့ မျက်နှာတောင်ထွက်မပြဝံ့ဘူး"မိုးစက်က သူမဘေးတွင်ပဆစ်တုပ်ထိုင်ချလိုက်သည်။
"မေမေမှားတယ်ဆိုတာ သမီးသိတယ်.. အဲ့တုန်ူကလည်း မေမေ့ကိုသမီးစိတ်ဆိုးချင်ပင်မယ့် သမီးမဆိုးခဲ့ဘူး.. သမီးအမေ့ဘက်ကနေပြီးဖြည့်တွေးပေးခဲ့တယ်! သမီးတို့ကမိသားစုတွေလေ...
တယောက်နဲ့တယောက် အပြန်အလှန်ကြည့်ပြီး တယောက်ရဲ့လိုအပ်ချက်ကို တယောက်က နားလည်ပြီး ဖြည့်တွေးပေးရမယ်!"
YOU ARE READING
OPPOSITE
Roman d'amourOppositeတဲ့ရိုးရှင်းပါတယ်...မြန်မာလိုဘာသာပြန်ရင်တော့ ဆန့ကျင်ဘက်ပေါ့...အရာအားလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနှစ်ယောက်အကြောင်းပါ...တကယ်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ 💛 ကျွန်တော် ဒါလေးကိုရေးဖို့ စပြီးစိတ်ကူးမိတာကတော့ စိတ်ထဲမှာ ကိုစစ်ဆိုတဲ့နာမ်စားလေးကိုကောက...