{Zawgyi Version}
လူတွေကပြောကြတယ်...
ချစ်ခြင်းရဲ့အစသနားခြင်းကတဲ့...
ကျတော်တို့နှစ်ယောက်ကတော့အမုန်းတရားတွေနဲ့စတင်ခဲ့တယ်...တစ်ယောက်နဲ့တစ်ယောက်သေလောက်အောင်မုန်းခဲ့ကြပေမဲ့...အခုတစ်ယောက်နဲ့တစ်ယောက်မခွဲနိုင်အောင်ချစ်နေကြပြီ...သို့သော်~~~~~💞💞💞💞💞💞💞💞💞💞💞💞💞💞
Taeတစ်ယောက်အလုပ်တွေပြီးလို့ခြံထဲကဒန်းပေါ်မှာထိုင်ကာစာလုပ်နေခဲ့တယ်။Taeကကျောင်းမှာစာတော်တဲ့သူတစ်ယောက်။လိမ္မာပြီးစာတော်တဲ့အတွက်ကျောင်းကဆရာမတွေရဲ့အချစ်တော်လေးတစ်ယောက်ဖြစ်နေလေသည်။ထိုအချိန်...
''သား...Taehyung''
မုန့်တွေနဲ့အအေးခွက်ကိုကိုင်ကာလျှောက်လာနေတဲ့ခြံစောင့်ဦးလေးမင်...
''.ဦးလေးမင်...ဘာခိုင်းစရာရှိလို့လဲ...ဘာလုပ်ပေးရမလဲ''
''ဘာမှမရှိပါဘူး...ရော့...ဒီမှာဆရာကတော်ကသားစာလုပ်ရင်းစားလို့ရအောင်တဲ့ပေးခိုင်းလိုက်လို့''
''အော်...ဟုတ်...ဆရာကတော်တိုကိုလဲကျေးဇူးပါလို့ပြောပေးပါနော်...ကောင်းကောင်းစားပါ့မယ်လို့''
''အေးပါကွယ်...ဒါဆိုဦးလေးလဲလုပ်စရာရှိလို့သွားလိုက်ဦးမယ်''
''ဟုတ်ကဲ့...ဦးလေး''
Taeတစ်ယောက်ဦးလေးမင်ပေးခဲ့တဲမုန့်တွေကိုကြည့်ရင်းပြုံးလိုက်မိသည်။ဆရာကတော်တို့ကစိတ်သဘောထားအရမ်းကောင်းတာ။တခါတလေတွေးမိတယ်...Jeon JungKookကဆရာကတော်တို့ရဲ့သားအရင်းရောဟုတ်လားလို့...မိဘတွေကအရမ်းသဘောကောင်းသလောက်...Jungkookသူ့ရဲ့စိတ်ဓာတ်ကအရမ်းကိုဆိုးလွန်းတယ်...သူတစ်ပါးနာကျင်တာကိုကြည့်ရတာကိုပျော်နေတတ်တဲ့သူ...hk...အသက်ရှည်ဦးမယ်...သူ့အကြောင်းတွေးနေရင်းကွက်တိရောက်လာတယ်...
တစ်ယောက်ထဲထိုင်ပြီးမျက်နှာကိုပြုံးလိုက်...မဲ့လိုက်လုပ်နေတဲ့ကောင်လေးဆီကိုJungkookရောက်လာခဲ့တယ်။
''မင်းရူးနေတာလား...တစ်ယောက်ထဲမဲ့လိုက်ပြုံးလိုက်နဲ့''
''ဘာဖြစ်ဖြစ်ပေါ့...မင်းကိုပြောစရာလား''
YOU ARE READING
Don't Leave Me { Completed }
Fanfiction{Zawgyi + Unicode} အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က???ပျော်ရွှင်ခြင်းလား❤ကြေကွဲခြင်းလား💔သေချာတာကတော့သူတို့2ယောက်တစ်ယောက်ကိုတစ်ယောက်ချစ်နေကြသည်💜သို့သော်~~~~~ Taekook🐯🐰 အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က...