{ Zawgyi version }
မင်းကမြှားတစ်ချောင်းလိုပဲ...
ငါ့ရင်ထဲစူးဝင့်နစ်နေတယ်...
နှုတ်ပစ်ဖို့ကြိုးစားတိုင်းနာကျင်ရတယ်...သို့သော်~~💘💘💘💘💘💘💘💘💘💘💘💘💘💘💘
ကျောင်းအနီးတွင်ရှိသော BUTTERFLY ဟုခေါ်သည့်စားသောက်ဆိုင်လေးထဲတွင်...
စားပွဲဝိုင်းတစ်ခု၌ ကောင်လေးနှစ်ယောက်ထိုင်ကာနေသည်။သူတို့နှစ်ယောက်ကြားရှိလေထုကတိတ်ဆိတ်နေသလို။
"ခင်ဗျား...ကျတော့်ကိုဘာကိစ္စကြောင့်တွေ့ ချင်တာလဲ...ကျတော့်ကိုဘယ်လိုသိလဲ...Ph numbeဘယ်ကရလဲ!"
"မေးခွန်းတွေကများလိုက်တာ...ကိုယ်က Taeနဲ့ပတ်သက်တဲ့သူမှန်သမျှ သူတို့အကြောင်းအကုန်သိတယ်...မင်းလဲအပါအဝင်ပေါ့"
အရှေ့မှာချထားသောကော်ဖီခွက်ကိုကိုင်ရင်း အေးအေးလူလူပြောလာတဲ့ HoSeokစကားကြောင့် Jungkookမျက်ခုံးတို့တွန့်ချိုးမိသည်။
မကြိုက်ဘူး။သူ့နောက်မှရောက်လာတဲ့လူတစ်ယောက်က Taehyungကို သူတောင်တစ်ခါမှမခေါ်ဖူးတဲ့နာမ်စားလေး "Tae"လို့ခေါ်နေတာကိုမကြိုက်ဘူး။
"လိုရင်းကိုပြော ခင်ဗျားဘာပြောချင်တာလဲ"
ကိုင်ထားသည့်ကော်ဖီခွက်ကိုချပြီး Jungkookကိုသေချာကြည့်လိုက်ကာ...
"မင်း Taeအပေါ်ဘယ်လိုသဘောထားလဲ"
"Hk!.......... ဒီလိုမေးနေတဲ့ခင်ဗျားကကော Taehyungအပေါ်ဘယ်လိုသဘောထားနေတာလဲ"
"ချစ်တယ်...ကိုယ် Taeကိုချစ်တယ်"
အခုသာ Jungkookမျက်ဝန်းမှ မီးထွက်မည်ဆိုလျှင် HoSeokပြာကျနေလောက်ပြီ။မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးအံကိုကြိတ်ထားသည်မှာ ဒေါသထွက်နေတဲ့အရိပ်အယောင်။
ကိုယ်မြတ်မြတ်နိုးနိုးချစ်ရတဲ့သူတစ်ယောက်ကို အခြားတစ်ယောက်ကလည်း ချစ်တယ် လို့ပြောနေတာကို အေးဆေးနားထောင်ပေးနေရလောက်အောင် Jungkookတို့စိတ်သဘောထားမကောင်း။
"ခင်ဗျားက Taehyungနဲ့သိတာတစ်လလောက်ပဲရှိဦးမယ်...ဒီမှာ!...ကျတော်က သူ့ကိုသိလာတာဟိုးးးငယ်ငယ်ထဲက ပြီးတော့သူ့ကိုချစ်လာတာဆယ်နှစ်ကျော်ပြီ!...ခင်ဗျားကအခုမှပေါ်လာပြီးကျတော်တို့နှစ်ယောက်ကြားဘာဖြစ်ချင်နေတာလဲ!"
YOU ARE READING
Don't Leave Me { Completed }
Fanfiction{Zawgyi + Unicode} အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က???ပျော်ရွှင်ခြင်းလား❤ကြေကွဲခြင်းလား💔သေချာတာကတော့သူတို့2ယောက်တစ်ယောက်ကိုတစ်ယောက်ချစ်နေကြသည်💜သို့သော်~~~~~ Taekook🐯🐰 အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က...