Part - 7

7.7K 660 19
                                    

{Zawgyi version}

တောင်းပန်ပါတယ်...အရာအားလုံးအတွက်
   ခွင့်လွှတ်ပေးဖို့မတောင်းဆိုပါဘူး...သို့သော်~~~

💞💞💞💞💞💞💞💞💞💞💞💞💞💞💞

လှပတဲ့မနက်ခင်းလေးတစ်ခု...

မြူ နှင်းများကြား နေရောင်များကအတင်းတိုးကာကွက်ကြားကွက်ကြား အလင်းပေးနေလေရဲ့။

Jungkookတစ်ယောက် ကျောင်းသွားရန် စတိုင်အပြည့်ဖြင့် လွယ်အိတ်ကိုလွယ်ရင်း အိမ်ထဲမှထွက်လာခဲ့တယ်။ခြံထဲရပ်ထားတဲ့ကားနားအရောက်...

ကျောင်းသွားရန်ပဲထွက်လာတဲ့Taeနဲ့ထိတ်တိုက်တိုးလေသည်။

Jungkook တယောက်Taeကိုမြင်တော့...ညကသူလုပ်ခဲ့တဲ့ကိစ္စတွေကိုပြန်မြင်ယောင်လာမိသည်။
ဒီဇင်ဘာလရဲ့ဆောင်းလေဟာ အလွန်ချမ်းစိမ့်နေပေမဲ့ Jungkookမှာတော့ တကိုယ်လုံးပူထူလာသလို။

Jungkookမင်းရူးသွားတာလား!...ညကဘာလို့အဲ့လိုလုပ်လိုက်တာလဲ?Jungkookစိတ်ထိန်းစမ်း!  စိတ်ထိန်းစမ်း!!

တစ်ယောက်ထဲအတွေးသံသရာလည်နေတဲ့jungkookကိုTaeကတော့ ဂရုမစိုက်စွာပဲ သူ့ရှေ့ကဖြတ်ပြီး ထွက်သွားခဲ့တယ်။

သူ့ကိုဂရုမစိုက်ပဲ အေးအေးလူလူ ခြံထဲကထွက်သွားတဲ့Taeကိုကြည့်ရင်း Jungkook ရုတ်တရတ်ထရယ်မိသည်။ကိုယ့်ကိုယ်ကိုဒေါသထွက်၍ရယ်ခြင်းပင်။

Hk, Jeon Jungkook သူကမင်းကိုဂရုတောင်မစိုက်ဘူး!...မင်းကသာဘာဖြစ်နေတာလဲ?!..ဟက်!...မင်းအရင်ပုံစံအတိုင်းနေစမ်းjungkook!!

မျက်နှာထားမှာရုတ်တရတ်ပြောင်းသွားပြီး...ကားထဲသို့ဝင်ထိုင်ကာ ကျောင်းကိုဦးတည်မောင်းခဲ့လိုက်သည်။

🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗🚗

At school,

''ကဲ..ဆရာ့အချိန်ကဒီလောက်ပဲ...စာမေးပွဲနီးနေပြီနော်..စာလဲကျက်ကြဦး''

''ဟုတ်ကဲ့ပါ''

ဆရာထွက်သွားသည်နှင့်တစ်ပြိုင်နက်...
ခုံပေါ်ခေါင်းမှောက်ကာအိပ်သူကအိပ်,အတန်းပြင်သို့ပြေးထွက်သူကပြေးနှင့် အတန်းထဲမှာဆူညံ၍နေလေသည်။

''Jimin.. ငါတို့ကန်တင်းသွားကြမယ်...''

စာပွဲပေါ်ရှိစာအုပ်များကို လွယ်အိတ်ထဲသို့ထည့်နေရင်း Taehyungစကားဆိုလာခဲ့သည်။

Don't Leave Me { Completed }Tempat cerita menjadi hidup. Temukan sekarang