{ Zawgyi version }
ကိုယ့်ဘဝရဲ့ အချစ်, အမုန်း, အလွမ်း...
အားလုံးဟာ မင်းကြောင့်ဖြစ်တည်နေတာမို့...
မင်းမရှိရင် ကိုယ့်ဘဝကြီး အဓိပ္ပာယ်မရှိတော့ဘူးဆိုတာ...မင်းသိစေချင်တယ်~~~💗💗💗💗💗💗💗💗💗💗💗💗💗💗💗
ဒီနေ့ Jungkook, Taeနဲ့စာအတူတူလုပ်ဖို့ပြောထားသည်။
စာလုပ်ရင်းအဆာပြေစားရန်အတွက် သစ်သီးတွေယူဖို့ Taeကိုအခန်းထဲခဏထားခဲ့ပြီး အောက်ထပ်ဆင်းလာခဲ့တယ်။ပထမတစ်ခေါက်စာအတူလုပ်တုန်းက Jungkook သူလုပ်ခဲ့တဲ့ အပြုအမူကိုပြန်တွေးရင်း ပြုံးမိပြန်သည်။
"အဒေါ်ကြီးကင် ကျတော်တို့စာလုပ်ရင်းအဆာပြေစား-"
ပြောနေရင်း ရုတ်တရတ်သတိရလာသည်က Diaryစာအုပ်။
ဟုတ်တယ်။Diaryစာအုပ်ကို သူစားပွဲပေါ်ဒီတိုင်းထားခဲ့မိတာ။
"သား အဆာပြေမုန့်လုပ်ပေးရမှာလား...kookie.. သားရေ..."
အဒေါ်ကြီးကင်ပြောတာကိုဂရုမစိုက်တော့ပဲ အပေါ်ထပ်ကသူ့အခန်းကိုသာအမြန်ပြန်ပြေးတတ်ရသည်။
မဖြစ်ဘူး။Taeအဲ့စာအုပ်ကိုဖတ်မိလို့မဖြစ်ဘူး။အခုမှသူနဲ့ငါအဆင်ပြေနေတာ။စာအုပ်ထဲကအကြောင်းတွေ Taeသိသွားရင်ငါ့ကိုပြန်မုန်းသွားလိမ့်မယ်။မဖြစ်ဘူးးးး။
အမြန်ပင်အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး...
"မင်းဘာလုပ်နေတာလဲ Kim Taehyung!! "
ရုတ်တရတ်အော်လိုက်သည့်အတွက် လန့်သွားသည်ထင် ခန္ဓာကိုယ်လေးတုန်တတ်သွားပြီး သူ့ကိုပြူးကြောင်ကြောင်ဖြင့်ကြည့်လာသည်။စာအုပ်ကိုလှန်တော့မယ့် လက်တွေကိုရုတ်လိုက်ရင်း ခေါင်းလေးကိုငုံ့ထားသည်မှာ အသည်းယားစရာ။
Jungkook... Taeဘေးကစာအုပ်ကိုအမြန်သွားယူလိုက်ရင်း...
"ငါ့ပစ္စည်းတွေ ငါမသိပဲမကိုင်ပါနဲ့ ငါကြိုက်ဘူး"
ဒေါသထွက်တာလည်းမဟုတ် သတိပေးသလိုပြောပြပြီး စာလုပ်မည့်စားပွဲနားမှာသွားထိုင်တဲ့အထိ ထိုကောင်လေးကမလှုပ်မယှက်ပဲရပ်နေတုန်း...
"Taehyung!.... လာလေ...အဲ့မှာဘာရပ်လုပ်နေတာလဲ"
"ဟင်!...အော်...အင်း"
VOCÊ ESTÁ LENDO
Don't Leave Me { Completed }
Fanfic{Zawgyi + Unicode} အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က???ပျော်ရွှင်ခြင်းလား❤ကြေကွဲခြင်းလား💔သေချာတာကတော့သူတို့2ယောက်တစ်ယောက်ကိုတစ်ယောက်ချစ်နေကြသည်💜သို့သော်~~~~~ Taekook🐯🐰 အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က...