{Zawgyi version}
ဒီလိုအချိန် ဒီလိုအခြေအနေလေးကိုမြတ်နိုးမိတယ်...
ဒီလိုမျိုးလေးပဲ အမြဲနေသွားချင်မိတယ်...
ကံကြမ္မာရယ် ကျေးဇူးပြု ၍မရက်စက်ပါနဲ့လား...💓💓💓💓💓💓💓💓💓💓💓💓💓💓💓
မင်းငါ့ဆီကထွက်ပြေးတယ်။ငါ့အနားမှာပဲနေပါ မထွက်သွားပါနဲ့ ဆိုတာကို မင်းကငါ့ကိုထားပြီးထွက်သွားခဲ့တယ်။ဘာလို့ငါချစ်ရတဲ့သူတွေကငါ့အနားကနေအမြဲထွက်သွားနေရတာလဲ?ဘာလို့လဲ!!ငါ့ 'Appa.. ငါ့အစ်ကို...အခုငါအရမ်းချစ်ရတဲ့မင်းကပါ!!...တောင်းပန်တယ်။ဒါပေမဲ့ ငါမင်းကိုအပြစ်ပေးရလိမ့်မယ်။နောက်တစ်ခါ ငါ့အနားကမထွက်သွားနိုင်အောင်...
Jungkook ဒေါသရောင်လွှမ်းနေသောမျက်ဝန်းများဖြင့် ဘေးကသစ်သားခုံတစ်ခုကိုလက်မှာဆွဲကိုင်လာရင်း Taehyungဆီသို့တစ်လှမ်းချင်းလျှောက်လာလေသည်။
"Jungkook... စိတ်ထိန်းလေ...ငါ... ငါ Taehyungလေ!...Jungkook...! "
Taeပြောသောစကားများကို Jungkookနားဝင်ပုံမပေါ်။
လက်ထဲမှခုံကိုကျစ်ကျစ်ပါအောင်စုပ်ကိုင်ရင်းသာ တစ်လှမ်းချင်းလျှောက်လာနေခဲ့တယ်။
Taeလဲနောက်ဆုတ်ရင်း ဆုတ်ရင်း နံရံနဲ့ကျောနဲ့ကပ်မိသွားသည်။
အနားရောက်လာတဲ့ Jungkook.. လက်ထဲမှခုံကိုTaeဆီဦးတည်ပြီးလွှဲလိုက်တဲ့အခါ...
"Jungkook!!! "
မျက်စိကိုစုံမှိတ်ရင်း လက်နှစ်ဖက်နှင့်ကာထားကာ ထိုင်ချလိုက်သော Taehyung...
မင်းကိုငါကြောက်တယ် Jungkook...တဖြေးဖြေးနဲ့ကြောက်လာပြီ။ဒါပေမဲ့...မုန်းလို့မရဘူး။ငါ့ကိုမင်းစိတ်ကြိုက်အပြစ်ပေး၊ရိုက်နှက်ပါ။ငါခံယူပါ့မယ်။မင်းသိလား အဲ့တာတွေကမင်းကိုမုန်းဖို့ငါ့အတွက်အခွင့်အရေးဖြစ်လာမလားဆိုတာ...
"ဒုန်း!"
ကိုယ်ပေါ်ကျရောက်မလာတဲ့ရိုက်ချက်နဲ့ "ဒုန်း!"ဟူသောတခုခုပြုတ်ကျတဲ့အသံကြောင့် Taeမော့ကြည့်လိုက်တော့...
"Jungkook~~"
လက်ထဲမှာခုံကိုလွှတ်ချပြီး မျက်ဝန်းထဲမှမျက်ရည်စပေါင်းများစွာနဲ့ စိုက်ကြည့်နေသော Jungkook...
VOCÊ ESTÁ LENDO
Don't Leave Me { Completed }
Fanfic{Zawgyi + Unicode} အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က???ပျော်ရွှင်ခြင်းလား❤ကြေကွဲခြင်းလား💔သေချာတာကတော့သူတို့2ယောက်တစ်ယောက်ကိုတစ်ယောက်ချစ်နေကြသည်💜သို့သော်~~~~~ Taekook🐯🐰 အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က...