{ Zawgyi version }
ဘယ်လောက်ပဲ ပင်ပန်းခက်ခဲကြမ်းတမ်းနေပါစေ...အတူတူဖြတ်ကျော်ခဲ့တဲ့ခရီးလမ်းရဲ့အဆုံးသတ်က???
"မင်းတို့တွေကလေ မြန်လိုက်တာဆိုတာ...တစ်တွဲကဖြင့်ချစ်သူဖြစ်တာမကြာသေးဘူး...နောက်တစ်တွဲကထပ်ပြီးချစ်သူဖြစ်သွားပြန်ပြီ"
"အဲ့တော့ဘာဖြစ်လဲ...အခုငါနဲ့ Jiminieချစ်သူဖြစ်တဲ့အနေနဲ့ မင်းတို့ကိုကျွေးမွေးနေတာပဲလေ"
ဟုတ်သည်။Jiminနဲ့ Yoongiတို့ချစ်သူဖြစ်တဲ့အထိမ်းအမှတ်အဖြစ် jungkookတို့စုဝယ်ထားတဲ့တိုက်ခန်းလေးမှာ ပျော်ရွှင်စွာစားသောက်ပွဲလုပ်နေကြခြင်းဖြစ်သည်။ဒကာခံသူကတော့ Min Yoongi ပင်။
"အမယ်လေး...Jiminရေ...ငါတော့မင်းအတွက်စိတ်လေးတယ်...ဒီလိုရေခဲတုံးကြီးနဲ့ဘယ်လိုရှေ့ဆက်နေမလဲ...ဟင်းးးးး"
Seokjinတယောက် သက်ပြင်းအရှည်ကြီးချကာ...Jiminရဲ့ပုခုံးအားလက်တင်လိုက်တော့...Yoongiတယောက် မျက်ထောင့်နီဖြင့်ကြည့်လာလေသည်။
"Kim Seokjin!... Jiminieပုခုံးပေါ်ကမင်းရဲ့လက်ကိုပြန်ရုတ်လိုက်စမ်း အခုချက်ခြင်း!"
Yoongiရဲ့စကားကြောင့် Jinတယောက်မျက်နှာကိုရှုံ့မဲ့စွာဖြင့်...
"ကြောက်လိုက်တာနော်..ဟွန့်!...အတွဲတွေများပိုကိုပိုလွန်းတယ်..."
"မင်းလဲအားကျရင်တယောက်လောက်ရှာလိုက်ပေါ့..."
"တော်ပါTaehyungရယ်...ငါ့ကိုကြိုက်နေတဲ့သူတွေများတောင်လိုပုံလို့...ငါကသာချစ်သူထားချင်ရင် ခေါင်းခေါက်ပြီးရွေးလို့ရတယ်"
ယုံကြည်မှုအပြည့်ဖြင့် ပုခုံးပင့်ကာပြောလာတဲ့ Jinအား Namjoonတယောက် မျက်နှာကိုမဲ့ရွဲ့ ကာပြရင်း...
"ပြောမိတဲ့သူပဲမှားပါတယ်..နောက်ဆိုမင်းကိုဘာမှမပြောတော့ဘူး...ok.. "
"ငါလဲအမှန်ကိုပြောတာပဲလေ"
"အေးပါ...ဟား...ဟား...ဟား"
တိုက်ခန်းလေးထဲတွင် သူတို့ရဲ့ရယ်သံများ ပျံ့လွင့်နေလေသည်။
"Jungkook... မင်းငြိမ်လှချည်လား...ဘာဖြစ်နေတာလဲ"
သူတို့တွေရယ်ကာမောကာစကားများပြောနေကြသော်လည်း...တစ်လုံးမှဝင်မပြောပဲမျက်နှာတည်နှင့်ထိုင်နေသော Jungkook...
STAI LEGGENDO
Don't Leave Me { Completed }
Fanfiction{Zawgyi + Unicode} အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က???ပျော်ရွှင်ခြင်းလား❤ကြေကွဲခြင်းလား💔သေချာတာကတော့သူတို့2ယောက်တစ်ယောက်ကိုတစ်ယောက်ချစ်နေကြသည်💜သို့သော်~~~~~ Taekook🐯🐰 အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က...