{ Zawgyi Version }
ဆေးရုံတစ်ခုရဲ့ အခန်းထောင့်လေးတစ်နေရာမှာ ကောင်လေးတစ်ယောက်ထိုင်ကာငိုကြွေးနေလေသည်။ညနေစောင်းအချိန်ဖြစ်သည်မို့ အခန်းထောင့်ထဲအမှောင်ထုကကြီးစိုးနေလေရဲ့။တိတ်ဆိတ်နေပြီး ခြောက်သွေ့ တဲ့လေစိမ်းတွေကဖြတ်ပြေးလျက်။ငိုနေသည်မှာ ဘယ်လောက်ကြာပြီမသိ။မျက်လုံးမှာ မျက်ရည်များဖြင့် မို့မောက်နီရဲနေပြီ။
ထိုသူမှာတခြားသူမဟုတ်။Kim Taehyung ပင်...
နာကျင်တယ်။ရင်ဘတ်ကြီးတစ်ခုလုံး စုတ်ပြတ်သတ်သွားသလိုပဲ။အရမ်းနာကျင်တယ်။မင်းမရှိပဲ မနေနိုင်ပါဘူးဆို။မင်းကငါ့ကို တစ်ယောက်ထဲထားခဲ့ရက်တယ်နော်။
ငိုနေတာကိုရုတ်တရတ်ရပ်လိုက်ပြီး ငိုထား၍နီရဲနေသောမျက်လုံးအိမ်ထက် အဓိပ္ပာယ်ဖော်ရခက်သောအကြည့်တို့ဖြင့်...
ငါ မင်းနောက်လိုက်ခဲ့မယ် Jungkook...
....................................
31ထပ်ရှိတဲ့ ဆေးရုံကြီးရဲ့ အပေါ်ဆုံးအထပ် ၌...Taeတစ်ယောက် ရပ်ကာနေသည်။
Jungkook...မင်းပြောခဲ့ဖူးတယ်နော်။ငါတို့နှစ်ယောက်အမြဲအတူရှိကြမယ်လို့။မင်းပဲပြောခဲ့ပြီး...မင်းပဲငါ့ကိုတစ်ယောက်ထဲထားခဲ့တယ်။ဒါပေမဲ့...စိတ်ချပါ။မင်းရှိတဲ့အရပ်ကိုငါလာခဲ့မှာမို့ ခဏပဲစောင့်ပေးပါ။ ချစ်တယ် Jungkook...
ပြောပြီးပြီးချင်း ဆေးရုံရဲ့ဝရန်တာဘောင်ပေါ်သို့ခြေတစ်လှမ်းတတ်ချိန်...
လေပြင်းများက ရုတ်တရတ်တိုက်ခတ်လာလေသည်။
ဟက်!Jungkook...မင်းနဲ့ငါ့ကိုခွဲနေကြပြန်ပြီ။မရဘူးးး...ငါတို့နှစ်ယောက်ကိုဘယ်သူမှခွဲလို့မရဘူးးး
ဒုတိယခြေတစ်လှမ်း လှမ်းလိုက်သည်။
Tae...မလုပ်ပါနဲ့။ကိုယ့်နောက်မလိုက်ခဲ့ပါနဲ့။ကိုယ်တောင်းပန်ပါတယ်။
Taehyung တစ်ယောက်သိနိုင်ပါ့မလား။သူ့နောက်မှာ သူ့ကိုကိုင်ခွင့်မရပေမဲ့ ရလိုရငှား လက်ကိုအတင်းဆွဲနေတဲ့ မျက်ရည်များနှင့်ကောင်လေးကို သူမြင်နိုင်ပါ့မလား။
ရုတ်တရတ်...Taehyung ရဲ့မျက်ဝန်းထဲ၌ မျက်ရည်စတွေဝဲတတ်လာလေသည်။ပြီးနောက်...ဘောင်ပေါ်မှအမြန်ဆင်းရင်း...လေဟာနယ်ထဲလက်ကိုဝှေ့ယမ်းကာ...
YOU ARE READING
Don't Leave Me { Completed }
Fanfiction{Zawgyi + Unicode} အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က???ပျော်ရွှင်ခြင်းလား❤ကြေကွဲခြင်းလား💔သေချာတာကတော့သူတို့2ယောက်တစ်ယောက်ကိုတစ်ယောက်ချစ်နေကြသည်💜သို့သော်~~~~~ Taekook🐯🐰 အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က...