Part - 11

7.4K 621 11
                                    

{ Zawgyi version }

"ကျေးဇူးပြု ပြီး ......
                ငါ့ကိုလွှတ်မြောက်ခွင့်ပေးပါတော့~~~"

💗*💗*💗*💗*💗*💗*💗*💗*💗*💗*💗

"ဟေ့ကောင်!...မင်းသေချင်နေတာလား!...သေချင်ရင်တခြားနေရာမှာလွတ်လွတ်လပ်လပ်သွားသေ!...ငါတို့ကိုအမှုလာမပတ်နဲ့!!"

ကားထဲမှလူကြီးတစ်ယောက်က လမ်းမထက်ရပ်နေသော Jungkookကိုကြိမ်းမောင်းပြောဆိုသွားခြင်းပင်။

"ကျေးဇူးပြု ပြီး ကားနဲ့တိုက်သွားကြပါ...သေချင်နေလို့ပါ!"

ထိုစဉ် အရှိန်ဖြင့်လာနေသောကားတစ်စီးက Jungkookဆီသို့တည့်တည့်ပင် မောင်းလာလေသည်။

Jungkook တစ်ယောက် မျက်လုံးကိုစုံမှိတ်ချလိုက်ရင်း...

"နှုတ်ဆက်ခဲ့ပါတယ် Tae"

"JUNGKOOK!!!"

"အာ့!"

ကားက Jungkookကိုဝင်တိုက်ခါနီးဆဲဆဲတွင်...Taeတစ်ယောက်အပြေးရောက်လာကာ Jungkookလက်ကိုအတင်းဆွဲလိုက်သည့်အတွက် နှစ်ယောက်လုံး ဘေးလမ်းမပေါ်သို့လုံးထွေးလဲကျသွားခဲ့တယ်။

ချက်ခြင်းပင် Jungkookမတ်တပ်ပြန်ရပ်ပြီး ကားလမ်းမပေါ်ခြေလှမ်းလိုက်တော့...

Taeက Jungkookရဲ့လက်ကိုအမြန်ထပ်ဆွဲကာတားလိုက်ပြန်တယ်။

"Jeon Jungkook မင်းရူးနေလား!..ဟမ်!...မင်းရူးသွားတာလား!!...ဘာလို့ဒီလိုလုပ်ရတာလဲ...ငါဘယ်လောက်စိတ်ပူသွားလဲသိလား...မင်းတစ်ခုခုဖြစ်ပြီဆိုပြီး-"

Taeရဲ့အသံမှာငိုသံစွတ်နေပြီး ရုတ်တရတ်စကားစကိုဖြတ်လိုက်သည့်အတွက် Jungkookအနောက်လှည့်ကြည့်လိုက်တော့...

မျက်ဝန်းထဲ၌ မျက်ရည်တွေတွဲခိုနေတဲ့ Taehyungကိုတွေ့ လိုက်ရသည်။

Tae.. မင်းငါ့ကြောင့်မျက်ရည်ကျရပြန်ပြီလား...

"ငါသေရင်တောင်ခွင့်မလွှတ်နိုင်ဘူးဆို...မင်းပဲပြောခဲ့တာလေ...မင်းခွင့်မလွှတ်နိုင်မဲ့အတူတူငါသေသွားတာပိုမကောင်းဘူးလား...ငါ့ကိုမတားနဲ့ Taehyung! "

မင်းကအရူးလား Jungkook!
ဘယ်တော့မှ သူများပြောစကားကိုနားမထောင် ဂရုမစိုက်တတ်တဲ့ကောင်က ငါပြောတဲ့စကားလေးတစ်ခွန်းကိုဘာလို့ အလေးထားနေရတာလဲ?
မင်းကိုငါနားမလည်တော့ဘူး Jungkook...
မင်းကိုစိတ်ပူနေတဲ့ ငါ့စိတ်ကိုငါလဲနားမလည်နိုင်တော့ဘူး...

Don't Leave Me { Completed }Où les histoires vivent. Découvrez maintenant