Part - 9

7.6K 645 32
                                    

{ Zawgyi version }

"မုန်းတီးခြင်းနဲ့စတင်ခဲ့တဲ့...
                              ချစ်ခြင်းရဲ့အဆုံးသတ်က???"

💞💞💞💞💞💞💞💞💞💞💞💞💞💞💞

"Tae.. သားကြီးလာရင်ဘာလုပ်မှာလဲ"

"Taeကြီးလာရင် Vဆိုတဲ့နာမည်နဲ့ လူအများရဲ့နှလုံးသားထဲမှာအမြဲတမ်း တမ်းတမ်းစွဲဖြစ်နေရမဲ့ ကမ္ဘာကျော်အဆိုတော်တစ်ယောက်လုပ်မှာ"

ဆယ်နှစ်အရွယ်ကောင်လေးရဲ့ရည်မှန်းချက်။

ထိုအချိန်ထဲကလား။Vဆိုတဲ့နာမည်လေးက Jungkookရဲ့နှလုံးသားတစ်နေရာမှာနေရာယူသွားတာ...

Jungkookတစ်ယောက် ဝဲတတ်လာတဲ့မျက်ရည်တွေကို ဖယ်ထုတ်လိုက်ရင်း...Diaryစာအုပ်လေးကိုတစ်ရွက်ချင်းလှန်နေမိသည်။

📝 ဒီနေ့ သူ့ရဲ့လက်ကိုပထမဆုံးကိုင်ခွင့်ရခဲ့တယ်။နူးညံ့နေတာမျိုးမဟုတ်ပေမဲ့ ကြမ်းလဲမကြမ်းတမ်းတဲ့သူ့ရဲ့လက်လေးကိုလွှတ်မပေးချင်မိဘူး။အမြဲတွဲထားချင်တယ်။📝

ထိုစာလေးကိုဖတ်ပြီး Jungkookရဲ့အတွေးတို့က Taeကိုကလပ်သို့အတင်းဆွဲခေါ်သွားတဲ့နေ့ဆီသို့။

အဲ့နေ့က ကလပ်ရှေ့မှာ Taeနဲ့ရန်တွေဖြစ်ပြီး ဒေါသ၏လွှမ်းမိုးမှုကြောင့် Taeကိုကလပ်ရှေ့ထားခဲ့မိသည်။သို့သော်...ဘယ်သူသိနိုင်မှာလဲ။

ထိုနေ့က Taeအိမ်ပြန်နေတဲ့လမ်းတစ်လျှောက်လုံး အနောက်ဘက် မလှမ်းမကမ်းမှာ Jungkookရဲ့ကားလေး ရှိနေခဲ့တယ်ဆိုတာ။

Taeတယောက်အုတ်ခဲကျိုးနင်းမိ၍ထင်ထိုင်ချလိုက်သည်ကို Jungkookမြင်တော့ ကားပေါ်ကနေအပြေးဆင်းသွားချင်သော်လည်း မာနဆိုတဲ့အသိစိတ်လေးကတားနေခဲ့ပြန်တယ်။နာကျင်တယ်...မင်းတစ်ယောက်ထဲခံစားရတာမဟုတ်ဘူး။ငါ့ကြောင့်မင်းနာကျင်ရသလို...ငါလဲထပ်တူထပ်မျှနာကျင်တယ်။

နောက်ဆုံးတော့ Jungkook, Namjoonတို့ဆီ phဆက်ကာ Taeကိုအိမ်ပြန်လိုက်ပို့ပေးဖို့အကူအညီတောင်းရတော့သည်။

ဒါတွေကိုမင်းမသိခဲ့ဘူး...

📝ဒီနေ့မင်းကိုငါပွေ့ ချီပြီးကျောင်းဆေးခန်းကိုပို့ပေးခဲ့တယ်။မင်းရဲ့ကိုယ်သင်းနံ့လေးကအရမ်းမွှေးလွန်းတယ်။ငါအရမ်းစိတ်ပူနေခဲ့တာ။ပြီးတော့ တောင်းပန်ပါတယ် ခွင့်ပြုချက်မရဘဲနမ်းခဲ့မိတဲ့အတွက်📝

Don't Leave Me { Completed }Tempat cerita menjadi hidup. Temukan sekarang