{ Zawgyi version }
ကိုယ့်နှလုံးသားထဲဘယ်သူရှိနေတယ်...
ကိုယ်ဘယ်သူ့ကိုမြတ်မြတ်နိုးနိုးနဲ့ချစ်နေတယ်...ဆိုတာတစ်နေ့တော့မင်းသိရမှာပါ။အခုတော့ဖွင့်ပြောဖို့အချိန်မတန်သေးလို့...တစ်နေ့တော့ဖွင့်ပြောပြပါ့မယ် Jiminie...
Yoongiတစ်ယောက် Jiminမေးတဲ့မေးခွန်းတွေကိုမဖြေချင်တော့၍ အရှေ့ကနေအမြန်ရှောင်ထွက်ခဲ့ပြီး ခြံထဲဆင်းလာခဲ့လိုက်သည်။
အရိပ်ကောင်းတဲ့သစ်ပင်ကြီးအောက်ထိုင်ရန်အသွား...
ဟင်!Taeနဲ့ Jungkookပဲ...သူတို့နှစ်ယောက်ကဒီမှာဘာလုပ်နေကြတာလဲ??
"Ta.... e.. "
Yoongiတစ်ယောက်လှမ်းခေါ်ရန်ပြင်လိုက်ပေမဲ့ ကြားလိုက်ရတဲ့စကားတစ်ခွန်းကြောင့် မခေါ်တော့ပဲဆက်နားထောင်နေလိုက်သည်မခေါ်တော့ပဲဆက်နားထောင်နေခဲ့တယ်။
"အရမ်းချစ်တယ်...Jungkook.. "
"ကိုယ်ကပိုချစ်တယ် Tae.. "
ပြီးနောက် အနမ်းကမ္ဘာထဲရောက်ရှိသွားကြတဲ့ Taeနဲ့ Jungkookကိုကျောခိုင်းပြီး Yoongiတယောက်နေရာကနေပြန်လှည့်လာခဲ့လိုက်သည်။
ဩော်...သူတို့နှစ်ယောက်ကချစ်သူတွေတောင်ဖြစ်သွားကြပြီလား။အရင်အပတ်ကတောင်ရန်တွေဖြစ်နေကြသေးတာ။ဘာပဲဖြစ်ဖြစ်လေမင်းတို့နှစ်ယောက်အဆင်ပြေသွားတာငါဝမ်းသာပါတယ်။အခုကစပြီး Taeလဲပျော်ရွှင်ရတော့မှာပါ။
ငါနဲ့ Jiminieကရော....
ကိုယ်တို့လဲတစ်နေ့နေ့ပေါ့ Jiminရယ်။အဲ့ရက်လေးကိုသာမင်းစောင့်နေပေးပါ။
ဒီလိုနဲ့ပဲ Jungkookနဲ့ Taeတို့ရဲ့ ချစ်သူဖြစ်နေတဲ့အကြောင်းကို ဘယ်သူမှမပြောပါပဲ Yoongiတယောက်သိခွင့်ရခဲ့သည်။
~~~~🍀🍀🍀🍀🍀🍀
"Tae.. အဲ့အထုတ်တွေပေး ကိုယ်ယူသွားပေးမယ်"
Jungkook ..Taeလက်ထဲမှအထုတ်ကိုယူပြီးသွားရန်ပြင်တော့...
"Jungkook.. မင်းသွားရင်ဒီအထုတ်ပါယူသွားပေး"
"မင်းမှတင်ယူလာပါလား Namjoon... မင်းမှာလဲလက်တွေပါတာပဲ"
"ဟာ...မင်းကဘာလဲ Taehyungကျတော့ကူသယ်ပေးပြီးငါတို့ကျတော့ကိုယ့်ဘာသာကိုယ်သယ်ပေါ့ ဟုတ်လား Jungkook! "
YOU ARE READING
Don't Leave Me { Completed }
Fanfiction{Zawgyi + Unicode} အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က???ပျော်ရွှင်ခြင်းလား❤ကြေကွဲခြင်းလား💔သေချာတာကတော့သူတို့2ယောက်တစ်ယောက်ကိုတစ်ယောက်ချစ်နေကြသည်💜သို့သော်~~~~~ Taekook🐯🐰 အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က...