{ Zawgyi version }
ချစ်တယ်.....
ကိုယ်ကပိုချစ်တယ်...
💞💞...💞💞...💞💞...💞💞...💞💞...💞
ကောင်းကင်ထက် နေလုံးကြီးမှဖြာကျလာတဲ့နေရောင်ခြည်နဲ့အတူ Busanမြို့ရဲ့နံနက်ခင်းလေးဟာ အလွန်လှပနေလေသည်။
ပြတင်းပေါက်မှန်ကိုဖြတ်ကာ ဝင်ရောက်ပြီး မျက်နှာပေါ်သို့ကျရောက်လာတဲ့ခပ်နွေးနွေးအလင်းရောင်ကြောင့် Jungkook အိပ်နေရာမှနိုးထလာခဲ့တယ်။
ခါတိုင်းဆို Jungkookတို့အပြစ်မရှိတဲ့ နေရောင်ခြည်ကိုပင် စိတ်ဆိုးဒေါသထွက်မိမှာအမှန်။အခုတော့...
မျက်နှာမှာပြုံးပျော်နေပြီး ပြတင်းပေါက်မှန်ကိုသွားဖွင့်လိုက်ကာ လတ်ဆတ်တဲ့မနက်ခင်းလေထုကိုအားရပါးရရှူ ရှိုက်နေသည်။
ထို့နောက် သီချင်းလေးတညီးညီးဖြင့် အခန်းထဲမှထွက်ကာအောက်ထပ်ဆင်းလာခဲ့တယ်။
ဩော်...အချစ်...အချစ်...
လူတစ်ယောက်ကိုပြောင်းလဲစေနိုင်တာပါလား...~~~~~~~~~~~~~~🌤🌤
Jungkook.. ရေသောက်ရန် ထမင်းစားခန်းထဲဝင်တော့...
တွေ့ ပါပြီ။သူ့ရဲ့ချစ်ရသူလေး...သူ့ကိုနောက်ကျောပေးထားပြီး လှုပ်တုတ်လှုပ်တုတ်နှင့် မနက်စာအတွက်ပြင်ဆင်နေတဲ့ကောင်လေးဟာအသည်းယားစရာ။
ဖြေးဖြေးချင်းလျှောက်သွားပြီး...အနောက်ကနေခါးကိုဆွဲဖက်လိုက်တော့...ရုတ်တရတ်မို့လန့်သွားသည်ထင်။
အတင်းပြန်ရုန်းနေတဲ့အကောင်ပေါက်လေးကိုပိုပြီးတင်းတင်းကျပ်ကျပ်ထပ်ဖက်ထားလိုက်တော့...
"Jungkook...ဘာလုပ်တာလဲ?...ငါဒီမှာပေါင်မုန့်ကြက်ဥကြော် ကြော်နေတာ..."
"ကြော်လေ...ကိုယ်ကအနောက်ကနေဒီလိုလေးပဲဖက်ထားမှာ"
"လွှတ်တော့ Jungkook... တခြားသူတွေနိုးလာလို့မြင်သွားလိမ့်မယ်"
ဟုတ်သည်။သူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေကြမှန်းဘယ်သူ့ကိုမှမပြောရသေး။အမှန်ဆို Jungkookက Taeကိုသူ့အပိုင်ဆိုတာ တခြားသူတွေသိအောင်ကြေညာပြချင်ပေမဲ့ Taeကလျှို့ဝှက်ထားခိုင်းခဲ့သည်။
ESTÁS LEYENDO
Don't Leave Me { Completed }
Fanfic{Zawgyi + Unicode} အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က???ပျော်ရွှင်ခြင်းလား❤ကြေကွဲခြင်းလား💔သေချာတာကတော့သူတို့2ယောက်တစ်ယောက်ကိုတစ်ယောက်ချစ်နေကြသည်💜သို့သော်~~~~~ Taekook🐯🐰 အမုန်းများနှင့် စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က...