Part - 22

5.8K 517 36
                                    

{ Zawgyi Version }

ကံကြမ္မာက သူတို့နှစ်ယောက်ကို အမျိုးမျိုးခွဲနေဦးမှာလား...?...ပျော်ချင်ပြီ။ချစ်ရတဲ့သူနဲ့အတူ လွတ်လွတ်လပ်လပ်ချစ်ချင်ပြီ။ဒါပေမဲ့...နောင်ဘဝများမှလား?

တည်ငြိမ်နေတဲ့ ရေပြင်ကျယ်လို ငါ့ရဲ့နှလုံးသားကို လာရောက်လှုပ်ခတ်နိုးထစေတဲ့မင်း။ငါ့ရဲ့ တစ်ဦးတည်းသော...ငါ့ရဲ့အချစ်ရဆုံးသောမင်း...

မင်းသိလား။အရင်က မင်းနဲ့ရန်ဖြစ်တိုင်း "ငါမင်းကိုအရမ်းမုန်းတယ်" လို့ပြောခဲ့ဘူးတယ်။အဲ့စကားကိုပြောတိုင်း ငါ့နှလုံးသားထဲအရမ်း နာကျင်ခံစားရတယ်။နှုတ်ခမ်းကသာ မုန်းတယ် ပြောခဲ့ပေမဲ့ ရင်ဘတ်ထဲကတော့ ချစ်တယ် တဲ့ ဘာသာပြန်ပေးနေတယ်။အဲ့အချိန်တွေထဲက Jungkookဆိုတဲ့မင်းက ငါ့နှလုံးသားထဲနေရာယူခဲ့တာများလား။

ဒါပေမဲ့...မဖြစ်နိုင်ဘူးထင်ခဲ့တာ။မဖြစ်နိုင်ဘူးထင်ခဲ့တဲ့ အချစ်က လက်တွေ့ မှာတော့ ငါတို့တစ်ယောက်ကိုတစ်ယောက် ရူးမတတ်ချစ်ခဲ့ကြတယ်။အချင်းချင်း ကတိတွေလဲအများကြီးထားခဲ့ကြတယ်။ဒါပေမဲ့...

ဒါပေမဲ့...မင်းဘာလို့မပြောခဲ့ရတာလဲ။ဘာလို့ဖုံးကွယ်ခဲ့ရတာလဲ။ဒီအတောအတွင်း မင်းတယောက်ထဲကြိတ်ခံစားခဲ့ရတယ် ဆိုတဲ့အသိတွေက ငါ့ရင်ဘတ်ကိုသေလောက်အောင်နာကျင်စေတယ်။မင်းမှားတယ် Jungkook... ငါ့ကိုအစောထဲကပြောခဲ့သင့်တာ။နောက်မှသိရတာ ဘယ်လောက်ခံစားရလဲ??

ချစ်သူဆိုတာ တယောက်နဲ့တယောက် နာကျင်မှု၊ပျော်ရွှင်မှုတွေကို အတူတူခံစားကြရမှာမလား။အခုတော့ မင်းကငါပျော်ရွှင်ဖို့ နာကျင်မှုတွေကိုမင်းတယောက်ထဲ လက်ဝယ်ယူသိမ်းပိုက်သွားတယ်ပေါ့။အဲ့တော့...ငါပျော်နေတယ်ထင်လား။ဟင့်အင်း...လုံးဝမပျော်ဘူး...ပိုပြီးတော့နာကျင်နေရတာ။မင်းအတွက် ချစ်ရတဲ့သူအတွက်ဘာမှလုပ်မပေးနိုင်ခဲ့လို့။ကိုယ့်ချစ်သူ ဘာဖြစ်နေမှန်းမသိခဲ့တဲ့ ကိုယ့်ကိုယ်ကိုပဲအပြစ်တင်နေမိတယ်။

နောက်ဆုံး...မင်းသာတစ်ခုခုဖြစ်ခဲ့ရင်...

မင်းကိုပေးထားတဲ့ ကတိတွေ ငါတည်နိုင်မယ်မထင်ဘူး...

Don't Leave Me { Completed }Onde histórias criam vida. Descubra agora