Zawgyi
ဒီနေ့ စေရာတို့ ကျောင်းအပ်ရမယ့်နေ့ဖြစ်သည်
UFL မှာ ကိုယ်စိတ်ဝင်စားတဲ့ korea မေဂျာကိုတက်ချင်သော်ငြား..... ဆယ်တန်းတုန်းက
စာမကြိုးစားခဲ့တာကြောင့် အခုတော့
အနောက်ပိုင်းတက္ကသိုလ်မှာ ရုက္ခဗေဒ မေဂျာ
နဲ့သာ ကျေနပ်ရတော့မည်။ကိုယ့်အမှတ်ပေါင်းကလည်း ဒါပဲတက်လို့မှီတာကိုး......"စေရာရေ...... သား မပြီးသေးဘူးလား
မနက်စာ လာစားတော့လေ ""လာပါပြီ မာမီရယ်...... "
ရှိုးစမိုး အပြည့်နဲ့ အောက်ဆင်းလာတဲ့ သားကို
ကြည့်ပြီး ဒေါ်မြင့်မြတ်စံတို့ သားအမိ ပါးစပ်
အဟောင်းသား..... ဟုတ်သည်လေ...
ကျောင်းသွားအပ်မှာလား ရှိုးသွားလျှောက်မှာ
လား မသဲကွဲ.... ရေမွှေးကလည်း တစ်ပုလင်း
လုံး စွတ်ထားသလား မွှန်ထွန်နေတာပဲ....."ဟဲ့.... ရှိုးသွားလျှောက်မှာလား နင်က "
"ကျောင်းသွားအပ်မှာလေ မာမီရဲ့.... မာမီ
အသက်ကြီးနေပြီထင်တယ် မေ့တတ်လိုက်တာ.... အဟင်းဟင်း..... "စေရာလည်း ထမင်းစားပွဲမှာ ဝင်ထိုင်လျက်
မုန့်တွေကို သားရေကျရင်း အမေဖြစ်သူကို
တစ်ချက်တောင်မကြည့်ပဲ ဖြေလိုက်သည်။
အာရုံကတော့ အနံ့အရသာနဲ့ပြည့်စုံပြီး
အခုမှ လောလောလတ်လတ်ကြော်ထားတဲ့
သူအကြိုက်ဆုံး မေ့မေ့လက်ရာ ကြာဇံကြော်
ဆီမှာပေါ့........"ဂွပ်!!!! "
"အ့"မာမီ ဒေါ်မြင့်မြတ်စံရဲ့ လက်ဆစ်နဲ့ခေါက်တာ
ကို ခံလိုက်ရလေသည်.... ခေါင်းကို ပူထူသွားတာပဲ
ဟင့်..... မာမီ လက်သန်အရမ်းပြောင်တာပဲ"နာလိုက်တာ မာမီရယ်" လို့ ခေါင်းလေးကို
ပွတ်ပြီးဆိုလိုက်မိသည်။ တကယ်လည်း
အသည်းစွဲအောင် နာသွားသည် မဟုတ်ပါလား......."ကျောင်းသွားအပ်မှာတော့ ငါသိတာပေါ့.....
ဒီလောက်ပြင်စရာလိုလို့လား.... ဒါပေမယ့်
ငါ့သားလေးက ချောတာတော့တော်တော်ချော
သား....... "ထို ချီးမွမ်းစကားကို ကြားရသူ စေရာကတော့
အမေဖြစ်သူကို ပါးစပ်အဟောင်းသားနဲ့
ကြည့်နေမိသည်။ ပြီးမှ ထိပ်မှာ ထိုင်နေတဲ့
အဘွားဖြစ်သူကို လက်ကုတ်ကာ.....
YOU ARE READING
နှလုံးသား စေရာ
Romanceအချစ်ဆိုတာ ဘာလဲ? ကျွန်တော့်အတွက်တော့ အချစ်ဟာ အချစ်ပါပဲ လူတစ်ယောက်ကလူတစ်ယောက်ကို ချစ်ရင်အချစ်ပေါ့ ဒါဆို ကျွန်တော့်အချစ်ကရော အချစ်ပဲ မဟုတ်ပါလား.......