Part-14

432 28 0
                                    

Zawgyi

စေရာတစ်ယောက် ဒီနေ့ အိပ်ယာနိုးတည်းက
စိတ်က မကြည်မလင် ဘာကြောင့်လဲမသိ.... စိတ်ကြီးလေးနေသလိုပင် ... မာမီ့မျက်နှာမကောင်းတာ သိပေမယ့်လည်း မာမီက ဘာမှမဖြစ်ဘူးဆိုတာကြောင့် ဆက်မမေးဖြစ်ခဲ့.... တစ်စုံတစ်ခုနဲ့ ဝေးကွာရတော့မလိုကြီး ခံစားနေရတယ်.....
အား.... ဘာခံစားချက်ကြီးလဲကွာ.... တကယ်ပဲ

ဒါနဲ့ ဦး.... ဦး ကျနော့်ဆီဖုန်းမဆက်တာ မနေ့က
အိမ်ကပြန်သွားပြီးတည်းက... အရင်ကဆို
အလုပ်များတာတောင် မပျက်မကွက် တစ်နာရီ
တစ်ခါ ဆက်နေတဲ့ဦးက အခုဆို တစ်ညတောင်
ကျော်လွန်သွားပြီ.....

ဦးတကယ်ပဲ ကျွန်တော့်ကိုစိတ်ပျက်သွားပြီ
ထင်တယ်.... မဟုတ်ဘူးမလား ဦး....
အလုပ်ရှုပ်နေလို့ မဆက်အားတာမဟုတ်လား...
ဟက်...မျက်နှာပြောင်တိုက်လိုက်တာ မင်းစေရာနိုင်ရယ်... ကိုယ်တိုင်က စိတ်ပျက်အောင်လုပ်ထားပြီးမှ သူစိတ်မပျက်စေဖို့ မျှော်လင့်နေတာ
လား......

"ဟျောင့်.....စာကိုကြည့်လေ ဘယ်တွေ အတွေး
ရောက်နေတာလဲ ဆရာမကြည့်နေပြီ"

ဘေးနားက ဝေယံက သတိပေးတော့မှ စိတ်တို့
က စာသင်နေတယ်ဆိုတာကို သတိရလာ
သည်....စိတ်က မပါတာမို့ စာသင်တာလည်း
အာရုံမရောက်တော့.....

ကျနော်အခု ဦးကို လွမ်းနေတယ်...ဦး သိလား

~~~~~~~~~~~~~~~~~~~~~~~~

"ကဲပြော.... တစ်နေကုန် မှိုင်တွေနေတာ
ဘာဖြစ်နေတာလဲ ...အခုလည်း ကြာဇံပြုတ်ကို
မွှေနေတာ တော်တော်ကြာနေပြီ"

ဟုတ်သည်လေ.... ကျောင်းခန်းထဲမှာတည်းက
စိတ်နဲ့လူနဲ့မကပ် ....စာသင်တာလည်း အာရုံ
မရ... အခုလည်း ကန်တင်းရောက်တည်းက
ကြာဇံပြုတ်မှာပြီး ဝစီပိတ်ကျင့်နေတာ.... ကြာဇံ
ပြုတ်ရောက်လာတော့လည်း မွှေနေတာ ကြာဇံ
တွေတောင်တော်တော်ကြေနေပြီ...

"ငါ.... ငါ့စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေလို့....
လေးလံနေတယ်... ဘယ်လိုခံစားချက်ကြီးလဲ
မသိဘူး "

စေရာပြောတော့ မေသူရော ကျန်နှစ်ယောက်က
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
မသိမသာ မျက်စပစ်ကြသည်.... စေရာလည်း
မြင်ဖြစ်အောင်မြင်လိုက်ပါသည်.....

နှလုံးသား စေရာ Where stories live. Discover now