Zawgyi
"ထူး...... "
နွေဦး ခေါ်လိုက်သော်လည်း အသံက ခပ်တိုး
တိုးရယ်မို့ ထူးကြားသည့်ပုံမပေါ်... ထူးနဲ့ တွဲ
တာ ဒီနေ့က တစ်နှစ်ပြည့်... ဒါကြောင့်
ထူးအတွက် လက်ဆောင်ပြင်ဆင်လာလို့
လာပေးတာဖြစ်သည် ..... ကျောင်းမှာပဲ တွေ့
ဖြစ်တာများတာကြောင့် ကျောင်းမှာပဲတွေ့ပြီး
ပေးဖို့ ဆုံးဖြတ်ထားတာမို့ ဆရာမတွေနားနေခန်းသို့ ရောက်လာရသည်.... ထူးနဲ့စတွဲတည်းက
ကျောင်းမှာသိပ်ပြီးမသိသာအောင် ဂရုစိုက်ရ
သည်....အရင်က ချောင်းပေါက်မတက်သွားဖြစ်
တဲ့ နားနေခန်းကိုလည်းအခုဆို ကျွန်တော်သိပ်ပြီးခြေမလှမ်းဖြစ်... အကြောင်းရင်းကတော့
ထူး သိက္ခာကြောင့်.... ထူးကို လူများတွေ
အပြစ်တင်ရှုံ့ချတာကို ကျွန်တော်နည်းနည်းလေး
မှ သည်းခံနိုင်မယ်မထင်ပါ ...ကျွန်တော့်ကို
ထိရင် သည်းခံနိုင်ပေမယ့် ထူးကိုထိရင်တော့
ဒေါသက အော်တိုထွက်လာရော....ကျွန်တော်တို့က စည်းဘောင်တွေကိုကျော်နေကြတာ ထူး....
ဒါပေမယ့်စိတ်ချပါထူး... ထူးမျက်နှာမငယ်ရအောင် ကျွန်တော် ကာကွယ်မှာပါ...ချစ်တယ်... မပြောင်းလဲတဲ့အချစ်တွေနဲ့....
ကျွန်တော်နားနေခန်းထဲရောက်တော့ ထူးက
သူနဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့အမတစ်ယောက်
နဲ့စကားပြောနေသည်... သေချာတာတော့
ဆရာမတော့မဖြစ်နိုင်.... ဆံပင်ကို ကျောလယ်
လောက်ထိ ကျစ်စမီးကျစ်ထားပြီး မြန်မာဝတ်စုံ
အနီရောင်လေးကို ဝတ်ဆင်ထားသည်မှာ သူမ အသားရည်နဲ့အလွန်ပင်လိုက်ဖက်သည်မို့....
နောက်ကျောကမြင်ရုံနဲ့တင် ကျက်သရေရှိမယ့်
အမျိုးသမီးဖြစ်လိမ့်မည်ဟု နွေဦး ကောက်ချက်
ချလိုက်သည်......ထူးကတော့ ကျွန်တော့်ကိုမြင်ပုံမရ....
ထိုအမကြီးနဲ့ စကားပြောနေသည်မှာ ပြုံးလို့
ပျော်လို့. သွားတွေတောင်အအေးပတ်မှာ စိုး
ရသည်.... သဝန်မတိုသင့်ဘူးဆိုတာသိပေမယ့် စိတ်က အလိုလို သဝန်တိုမိတာမို့ မျက်နှာက
အော်တို ဆူပုတ်သွားသည် .... ဟူး... နွေဦးရာ ထူးကိုယုံရမယ်လေ ...သူငယ်ချင်းနေမှာပါ.... အင်း..."ဆရာ....... "
ဆရာလို့ ခေါ်လိုက်တော့ ကြည့်လာတဲ့ သူ...
မျက်မှောင်တွေကျုံ့လို့... သိတာပေါ့... ထူးက
ကျွန်တော်ဆရာလို့ ခေါ်ရင် မကြိုက်ဘူး.....
ဒါပေမယ့် သူစိမ်းရှေ့မှာမို့ ထူးကို လေးစားရ
မယ်လေ.... ပြီးမှ ချော့မှာမို့ အဲ့လိုမကြည့်ပါနဲ့
ထူးရာ.....
YOU ARE READING
နှလုံးသား စေရာ
Romanceအချစ်ဆိုတာ ဘာလဲ? ကျွန်တော့်အတွက်တော့ အချစ်ဟာ အချစ်ပါပဲ လူတစ်ယောက်ကလူတစ်ယောက်ကို ချစ်ရင်အချစ်ပေါ့ ဒါဆို ကျွန်တော့်အချစ်ကရော အချစ်ပဲ မဟုတ်ပါလား.......