Part-22

488 26 2
                                    

Zawgyi

မင်းဇော်ပြေးနေတဲ့တစ်လျှောက်လုံး ဖူးပြောခဲ့တာတွေသာ နားထဲ တဝဲလည်လည် ဖြစ်နေသည်။မေမေက ဒီလောက်ထိပြောခဲ့တယ်တဲ့လား.... မျိုးဆက်....ရနိုင်ရင် လိုချင်ပေမယ့် တကယ်တော့ မောင့်လောက်အရေးမကြီးပါ... မောင်သာရှိရင် အခြားဘယ်အရာမှမလိုအပ်ပါ.... မောင်ဘယ်
လောက်ထိ ခံစားနေရမလဲ ခန့်မှန်းမိပါသည်။

ဂျောက်......

ဖူးပေးလိုက်တဲ့သော့နဲ့ တံခါးဖွင့်ပြီးဝင်သွားတော့
ဧည့်ခန်းမှာတော့ ခြေရာလက်ရာမပျက်ပဲ ရှိနေသည်။ ဒါဆို ခုနက အသံတွေက အခန်းထဲက......

မောင့်အခန်းတံခါးကိုဖွင့်ကြည့်တော့ တံခါးက လော့ မချထားသည်မို့ ဖွင့်ပြီးတာနဲ့ မြင်လိုက်ရတာက ဖန်ကွဲစတွေပြန့်ကျဲနေတာရယ်.... နံရံက
သွေးတွေရယ်... ကုတင်ကိုမှီကာ ခေါင်းငိုက်စိုက်ပြီး ခြေဆင်းထိုင်နေတဲ့ မောင်ရယ် ....

"မောင်...... "

အသံကြားတော့ ခေါင်းမော့လာပေမယ့် ကျနော့်ကိုတော့ ကြည့်မလာခဲ့ပေ.....မောင့်ဆီသွားဖို့ ပြင်တော့ နေရာတိုင်းမှာဖန်ကွဲစတွေ ပြန့်ကျဲနေသည်မို့ သွားဖို့မလွယ် ....ဒါပေမယ့် ဘာအရေးလဲ မောင့်ဆီရောက်ဖို့ ခြေထောက်ပဲ ဖြတ်ရဖြတ်ရ ရအောင်သွားမည်လို့ ဆုံးဖြတ်ပြီး ခြေလှမ်းဖို့ပြင်ပေ
မယ့်

"မလာနဲ့....ကိုမင်းဇော်ထူး"

မလာနဲ့တဲ့လားမောင်ရယ်.... ဟင့်အင်း အဲ့လိုကြီး
မပြောပါနဲ့... မောင့်မျက်လုံးတွေက အသက်မပါသလို တစ်နေရာကိုသာ စိုက်ကြည့်ပြီး ပြောလာ
သည်.......ဘယ်လိုပဲ မလာနဲ့ပြောပါစေ ငါရောက်
အောင်လာမယ် မောင်.....

ခြေတစ်လှမ်း လှမ်းတိုင်း ခြေဖဝါးက ဆူးခနဲ အောင့်တက်သွားသည်ကို ခံစားမိသော်လည်း အသံမထွက်ပဲ ကြိတ်မှိတ်ကာ ခြေလှမ်းနေမိသည်။ သွေးတွေ ဘယ်လောက်ထွက်နေလည်း မသိတော့....
နောက်ဆုံးတော့ မောင့်ဆီရောက်လာပြီ.....
မောင့်ရှေ့မှာ ဒူးထောက်ထိုင်ချရင်း မောင့်လက်ကို
အသာကိုင်ယူလိုက်တော့.... သွေးတွေခြောက်နေပြီဖြစ်သော ဒဏ်ရာတွေကိုတွေ့လိုက်ရတော့
ရင်ထဲကနာသည်.... သူနာရင်ကိုယ်ပါနာကျင်ရတာ သူမသိလေရော့သလား..... မျက်ရည်တွေ
ဝဲတက်လာသည်အထိ ရင်ထဲကတစ်ဆစ်ဆစ်နဲ့ နာကျင်ရပါသည်.....

နှလုံးသား စေရာ Where stories live. Discover now