Zawgyi
စသန့် US ကိုရောက်တာ သုံးလပြည့်ပြီ....
အင်း.... တစ်နည်းဆိုရရင် ငယ်နဲ့ဝေးခဲ့တာ
သုံးလရှိပြီပေါ့...
စရောက်ရောက်ချင်း ကုမ္ပဏီကိစ္စတွေကြောင့်
တော်တော်အလုပ်ရှုပ်သည်.... တော်သေးသည်က ကြိုတင်ပြင်ဆင်လာပေလို့ပေါ့.... မြန်မာက ST collection ကို တစ်ခြားသူဆီ လွှဲပြောင်းကာ
ဒီမှာ နောက်နာမည်တစ်မျိုးနဲ့ စတင်ခဲ့သည်..... brand နာမည်ကိုတော့
.. S2 collection ဟုပေးခဲ့သည် ....
ကိုယ်က ဒီဘက်မှာ ကျွမ်းကျင်လှသည်မို့ နာမည်
ရဖို့က သိပ်မခက်....ခုဆို သုံးလအတွင်း
တော်တော်ရောင်းအားကောင်းသည်ဟု ဆိုရမည်
အရာအားလုံး အဆင်ပြေပါသည်.... မပြေသည်က သူ့ကိုလွမ်းတဲ့စိတ်.... ညဘက်ဆို သိပ်အိပ်မပျော်ခဲ့တဲ့နေ့တွေ များပြီလေ .... နှစ်ဦးနှစ်ဖက်
အဆင်ပြေဖို့ ဒီလမ်းကိုရွေးခဲ့ပြီးမှ နောင်တရသလို
ခံစားရသည်..... ကိုယ်သာထွက်မလာပဲ မင်းနား
ဆက်နေဖြစ်ခဲ့ရင် ခုချိန် ကိုယ်တို့ဘယ်လိုအခြေအနေတွေဖြစ်လာနိုင်မလဲ ...ငယ်ငယ်ရော အဆင်ပြေရဲ့လား
ခုချိန် ငယ် ကိုယ့်ကို လွမ်းနေပါမလားWallpaper က ကောင်လေးရယ်နေတဲ့ပုံလေးက
သူ့ရင်ကို အေးချမ်းစေတယ်.... နွေးထွေးတယ်....
ချစ်တယ် ငယ်... ဘယ်တော့မှမပြောင်းလဲတဲ့
ချစ်ခြင်းတွေနဲ့ပေါ့.... လွမ်းတဲ့စိတ်ကို ချုပ်တည်း
ရာကနေ လွှတ်ပေးမိတော့ မျက်ရည်က ပေါက်ခနဲ... အင်း မင်းနဲ့မှ ကိုယ့်မျက်ရည်တွေလည်း
အဆုံးအစမဲ့နေပါလား ငယ်ရယ်...."ထွက်တုန်းကထွက်လာပြီးမှ လွမ်းနေပြီလား... "
အသံကြားလို့ ကြည့်မိတော့ သူ့ကိုပြုံးကာ ကြည့်နေသော လူ.....
"ဒယ်ဒီ..... "
"အင်း....ပြောပါဦး အကြောင်းရင်းကို "
ဒယ်ဒီက မေးရင်း ကျနော့်စားပွဲရှေ့က ဧည့်သည်
ထိုင်ခုံတွင် ဝင်ထိုင်သည်... ကျနော်လည်း အလုပ်စားပွဲမှ ထကာ ဒယ့်ဒီအရှေ့သို့ သွားထိုင်လိုက်
သည်.....
ဒယ်ဒီ ဘာကိုဦးတည်မေးသလဲ ကျနော်သိပါသည်
သူထွက်လာရတဲ့အကြောင်းရင်းကိုပဲ မေးသည်
မဟုတ်လား
YOU ARE READING
နှလုံးသား စေရာ
Romanceအချစ်ဆိုတာ ဘာလဲ? ကျွန်တော့်အတွက်တော့ အချစ်ဟာ အချစ်ပါပဲ လူတစ်ယောက်ကလူတစ်ယောက်ကို ချစ်ရင်အချစ်ပေါ့ ဒါဆို ကျွန်တော့်အချစ်ကရော အချစ်ပဲ မဟုတ်ပါလား.......