Zawgyi
ဒေါက်....ဒေါက်..... ဒေါက်
စသန့် ရုံးသွားရန် ပြင်ဆင်နေတုန်း တံခါးခေါက်
တာမို့ သွားဖွင့်ပေးလိုက်တော့ အခန်းဝမှာ ပြုံးပြီးရပ်နေတဲ့ ဒယ်ဒီ......."ဒယ်ဒီ..... ဘာပြောစရာရှိလို့လဲ "
"အော်..... ဒီစာရွက်လေး ဒေါ်မြတ်စံတို့အိမ်ကို
သွားပို့ပေးပါလား သား "လက်ထဲက စာအိတ်လေးကို စသန့်လက်ထဲ
ထည့်ပေးရင်း ဆိုလာတော့ စသန့်က စာအိတ်
ကို ရှေ့တစ်လှည့် နောက်တစ်လှည့် ကြည့်ရင်း"ဘာကြီးလဲ ဒယ်ဒီ....."
"အန်တီထိပ်ထားရဲ့ ဆေးစစ်စာရွက်လေ....
တကယ်ဆို ဒီနေ့ ဒယ်ဒီက သွေးပေါင်သွား
ချိန်ပေးရင်း တစ်ခါတည်ပေးမလို့ပဲ....ဆေးရုံမှာ
အရေးကြီးကိစ္စရှိလာလို့ နောက်နေ့မှလာဖြစ်
မယ်လို့ သေချာပြောပေးဦးနော် သား ""ဟုတ်ကဲ့ပါ ဒယ်ဒီ..... သား ဝင်ပေးလိုက်ပါ့
မယ် ""အေးအေး.... ဒယ်ဒီသွားပြီနော်.. ဒါနဲ့
ကျောင်းလိုက်ပို့ပေးလိုက်ဦးနော် သား "ဦးထွန်းကိုလည်း သားဖြစ်သူကို စပြီး နေရာမှ
ထွက်သွားလေသည်။စသန့်ကတော့ ပထမ
နားမလည်ပေ.....နောက်မှ စဉ်းစားရင်းနဲ့"အာ..... ဒယ်ဒီတို့ကတော့ လုပ်ပြီ "
စသန့်လည်း အဖေဖြစ်သူ စသွားသည်ကို
သဘောကျရင်း ရုံးသွားဖို့ပြန်ပြီး ပြင်ဆင်ရသည်။
ဒီနေ့ကအစည်းအဝေးရှိတဲ့နေ့....စာရွက်စာတမ်း
တွေမေ့လို့မဖြစ်တာကြောင့် သေချာစီစစ်ပြီး
ထည့်နေရသည်။~~~~~~~~~~~~~~~~~~~~~~~~~
တီ.....တီ......တီ
ကားဟွန်းသံ တီးလိုက်တော့ ခြံစောင့်ဦးကြီးက
တံခါးလာဖွင့်ပေးသည်။ စေရာလည်း ကားကို
အိမ်ရှေ့စင်ဝင်အောက်ကို ရပ်လိုက်တာနဲ့
ဒေါ်မြတ်စံက အိမ်ထဲက ထွက်လာလေသည်။"သား ရောက်လာပြီလား "
"ဟုတ်ကဲ့ အန်တီ..... ဒယ်ဒီက အဘွားရဲ့
ဆေးစစ်စာရွက်ပေးခိုင်းလိုက်လို့ပါ အန်တီ ""ဆရာကြီး ဖုန်းဆက်ထားပါတယ်ကွယ်....
လာလာ အိမ်ထဲဝင် ""ဟုတ်ကဲ့......"
YOU ARE READING
နှလုံးသား စေရာ
Romanceအချစ်ဆိုတာ ဘာလဲ? ကျွန်တော့်အတွက်တော့ အချစ်ဟာ အချစ်ပါပဲ လူတစ်ယောက်ကလူတစ်ယောက်ကို ချစ်ရင်အချစ်ပေါ့ ဒါဆို ကျွန်တော့်အချစ်ကရော အချစ်ပဲ မဟုတ်ပါလား.......