Part-12

455 32 5
                                    

Zawgyi

Warning 🔞
အောက်ပိုင်းနားမှာ + နည်းနည်းပါပါမယ်
~~~~~~~~~~~~~~~~~~~~~~~~~

"ဒါက ဘယ်လိုဖြစ်နေကြတာလဲ "

ထူးရင်ခွင်ထဲမှာ ကောင်မလေးတစ်ယောက်...
ထူးက ထိုကောင်မလေးကို ဖက်ထားသေး
သည်.... မျက်စိရှေ့မြင်နေရသည်ကို မယုံ
နိုင်သည်မို့ အထပ်ထပ်အခါခါကြည့်သော်လည်း
ထိုမြင်ကွင်းက ပျောက်မသွား... ထိုကောင်မလေးက ထူးကိုကြည့်တဲ့အကြည့်တွေ မရိုးဘူး
ဆိုတာ နွေဦးသိနေသည်.... မြွေမြွေချင်း ခြေ
မြင်တယ် ပြောရမလား.... ထိုကောင်မလေး
က သူ့ကို အောင်နိုင်သူအပြုံးနဲ့ ပြုံးပြနေသလို...
ဘာတွေလဲ.... မရဘူး နွေဦးကို ဒီလိုလာလုပ်
လို့ မရဘူးလေ.... ခပ်မြန်မြန်သွားကာ ထူးရင်
ခွင်ထဲက ထိုကောင်မလေးကို ဆွဲထုတ်လိုက်
သည်.....

"အ့... "

ပြန်ပြီး ယိုင်လဲကျသလို ဖြစ်သွားတော့ ထူးက
ပြန်ပြီး လှမ်းဆွဲပေးလိုက်သည်.... သက်သက်
ဥာဏ်များနေတာ....

"ဘယ်လိုလုပ်လိုက်တာလဲ နွေဦးရာ... "

"ဟန်ဆောင်နေတာကို သိအောင်လုပ်ပြတာ
လေ.... ဘာဖြစ်လို့လဲ "

"ဘာတွေပြောနေတာလဲ.... နွေဦး "

"ထူး အရင်အဲ့တစ်ယောက်လက်ကို လွှတ်
လိုက်..... "

ဆရာလို့ခေါ်တာမကြိုက်တဲ့သူကို ကျောင်းမှာ
ထူးလို့ပဲ ခေါ်ဖြစ်သည်.... ကျောင်းကလူတွေ
ကလည်း နွေဦးကို ထူးရဲ့ညီလေးလိုလို
ဆွေမျိုးနီးစပ်လိုလို ထင်ထားကြတော့ ဆရာလို့
မခေါ်တာက သူတို့အတွက်သိပ်တော့မဆန်း
ပေ......

"သူခြေထောက်ခေါက်သွားတာ ... အဲ့ဒါ
ကြောင့် ဆေးခန်းပြမှ ဖြစ်မယ် "

"ရပါတယ် ဆရာ.... သမီး ဘာသာ သွားပါ့
မယ် "

ထိုကောင်မလေးက ထူးလက်ကိုလွှတ်ကာ
သွားမယ်ပြင်တော့ ထူးက ပြန်လှမ်းဆွဲလိုက်ပြီး

"ဆရာလိုက်ပို့ပါမယ်.... လမ်းကောင်းကောင်း
မှ မလျှောက်နိုင်တာ "

ဘာ.... ဒီလောက်ပြောနေတာတောင်
ဆက်သွားမယ်လုပ်တယ်ပေါ့.... ထူးက
ကျွန်တော့်ကို သွေးတိုးစမ်းနေတာလား....
နွေဦးပါ.... ထူးရဲ့အသားကို အခြားသူထိဖို့
မပြောနဲ့ မျက်စိနဲ့ကြည့်တာတောင် မကြိုက်ဘူး... ဘယ်တော့မှလည်း ထိခွင့်ရမှာ
မဟုတ်ဘူး....

နှလုံးသား စေရာ Where stories live. Discover now