Part-4

599 38 1
                                    

Zawgyi

ကျွန်တော် စေ့ အိမ်ကပြန်ရောက်တော့
ဒယ်ဒီက ပြန်မရောက်သေးပေ.... အော်
ဟုတ်သား အစည်းအဝေးရှိတယ်ပြောတာကို.... ကျွန်တော်လည်း တစ်နေကုန်
Computer ကြည့်ထားရတာကြောင့် 
ပင်ပန်းပြီး နုံးနေတာနဲ့ ရေမိုးချိုးလိုက်
သည်။

ရေချိုးပြီးတာနဲ့ ကုတင်ပေါ် တင်ပလွဲထိုင်
ပြီး အရင်ဆုံး စဉ်းစားလိုက်တာက ထို
ကလေးပိစိလေးအကြောင်း......
မင်းက ကိုယ့်ရင်ထဲကို တစ်စတစ်စနဲ့
တိုးဝင်လာပြီထင်ပါရဲ့ ကလေးငယ်....
မြင်မြင်ချင်း အချစ်ဆိုတာ ဒါကို ပြော
တယ်ထင်ပါတယ်.....
ကိုယ်ရှင်သန်လာတဲ့ ၂၈နှစ်လုံးလုံး
အချစ်ဆိုတာ ဘာလဲမသိပဲ နေလာခဲ့
တဲ့ ကိုယ်..... ကျွန်တော့်အသက် ၁၅
နှစ်မှာ မာမီက နှလုံးဖောက်ပြီး ဆုံးသွား
တယ်...  ထိုတည်းက ကျွန်တော့်ဘဝမှာ
ပျော်စရာဆိုတာရှိလည်း အရယ်အပြုံးမရှိပဲနေလာခဲ့တာ....
အခုပဲ ထိုကောင်လေးအကြောင်းတွေးမိ
ပြီး ပြုံးနေမိသည်မဟုတ်ပါလား.....
တွေ့တာမကြာသေးပေမယ့်
မင်းနဲ့တွေ့တိုင်း ကိုယ်နှလုံးခုန်သံတွေ
မြန်နေတာ ကိုယ်သတိထား
မိလာတယ်.... စတွေ့တုန်းက ကိုယ့်
ပေါင်ပေါ် အရှိန်လွန်ပြီး ထိုင်မိတဲ့ 
ရှပ်ပြာရှပ်ပြာ ကလေးလေးက ကိုယ့်
စိတ်ကို ဒီလောက်ထိလွှမ်းမိုးနိုင်မယ်
လို့ ဘယ်သူထင်မှာလဲ....
အရာရာကို အေးဆေးတတ်တဲ့ ကိုယ်က
မင်းနဲ့ကျမှ ဂဏာမငြိမ်ဖြစ်ရတာ
ဒါပထမဆုံးပါ ကလေးငယ်......
မင်းကကိုယ့်အတွက် ပထမဆုံးတွေချည်း
ယူဆောင်လာပေးတဲ့ သူလေးပါပဲ.....

ဒါပေမယ့် ကလေးရေ......
ဒီထက်ပိုပြီး ကိုယ့်ရင်ထဲကို တိုးမဝင်
လာပါနဲ့တော့.....
ဒါက မဖြစ်သင့်ဘူးမဟုတ်လား....
ပုံမှန်မဟုတ်တဲ့ ချစ်ခြင်းတွေနဲ့ ကလေးကို မထိခိုက်စေချင်တာ ကိုယ့်ရဲ့ စေတနာပါ.... ဘာမဟုတ်တဲ့ မင်းရဲ့
အမူအယာလေးကအစ ကိုယ့်ကို ရူး
သွပ်အောင်လုပ်နိုင်တယ် ကလေးငယ်
ကိုယ် တကယ်ကို ရူးနေပြီ မလား....

"ဘာတွေသဘောကျပြီး ရယ်နေတာလဲ
သား "

အတွေးတွေလွန်နေတာနဲ့ ဒယ်ဒီ
ဘယ်အချိန်တည်းက အနားရောက်နေ
မှန်း မသိလိုက်ဘူး... ဒယ်ဒီကတော့
သူ့ကိုကြည့်ပြီး ပြုံးလို့

နှလုံးသား စေရာ Where stories live. Discover now