Part-20

506 31 1
                                    

Zawgyi

စေရာလည်း ညဘက်အိပ်ရေးပျက်တာတွေများ
တာကြောင့် ကားပေါ်မှာမှေးခနဲအိပ်ပျော်သွား
လိုက်တာ ကားရပ်မှပဲ နိုးတော့သည်.... ညဘက်ဆို ဦးအကြောင်းတွေးရင်း အိပ်မပျော်ညတွေ
များရသည်မဟုတ်လား.... 

နာရီကိုကြည့်လိုက်တော့ ၁၁ ထိုးတော့မည်....

"ရောက်ပြီလား မေသူ"

မေသူ့ကိုမေးရင်း ဘေးဘီကိုကြည့်မိတော့
လှည်းတန်းစိန်ဂေဟာနားရောက်နေသည်... ဒါ
မေသူပြောတဲ့နေရာမဟုတ်ဘူးမလား....
အပျင်းကြောဆန့် ခါးကိုမတ်မတ်ထိုင်ရင်း
မေသူ့ကိုမေးရတော့သည်....

"နင်ပြောတော့ lotte hotel ဆို... အခုက ဘယ်လိုဖြစ်လို့ လှည်းတန်းရောက်နေတာလဲ"

မေသူက ကားပါကင်ထိုးဖို့ ဟိုကြည့်ဒီကြည့်နှင့်

"ငါ့ပွဲက ညနေမှဟ.... နင့်ကိုစိတ်ပြေလက်ပျောက်
အပြင်ခေါ်ချင်လို့အစောကြီးလာခေါ်တာ... ဟဲဟဲ"

ပြောလည်းပြီးရော သွားဖြဲပြလာသော မေသူမ....
လုပ်ချင်တာလုပ်ထားပြီးမှ... ဒါပေမယ့်လည်း
မေသူ့ကိုကျေးဇူးတင်ရမည်... သူမှလာမခေါ်ရင် ကျနော်လည်း အပြင်ထွက်ဖို့လုံးဝစိတ်ကူးမရှိ....
အပြင်လောကကြီးနဲ့အဆက်သွယ်ပြတ်နေတာ
တောင် တော်တော်ကြာပြီလေ....

"အခုက ဒီမှာဘာလုပ်မို့လဲ"

"လှည်းတန်းစင်တာမှာ korea အစားစာတွေ
သွားစားမယ်လေ... ဆိုင်အသစ်ဖွင့်တာတွေ့တယ်
စားကောင်းမယ့်ပုံဟ "

Korea စာ ဆိုတာနဲ့ စေရာတို့မျက်လုံးက လက်ခနဲ... သူအကြိုက်ဆုံးက korea အစားစာ
မဟုတ်ပါလား..... ထပ်ပြီးမူမနေမိတော့..
ခပ်မြန်မြန်ပဲခေါင်းငြိမ့်ပြလိုက်သည်....

လှည်းတန်းစင်တာ အောက်ဆုံးထပ်က Omuk
ဆိုတဲ့ကိုရီးယားဆိုင်မှာစားဖြစ်ကြသည်....
နှစ်ယောက်လုံးက ကိုရီးယားအစားအစာဆို
အကြိုက်ချင်းတူတော့ တော်တော်အဆင်ပြေ
သည်..... မေသူက ကင်ချီဟင်းရည်နဲ့ ကျနော်က
ပဲခေါက်ဆွဲမှာပြီး အရံအနေနဲ့ ထမင်းလိပ်ရယ်
ငါးအူချောင်းရယ် ​တော့ပိုကီရယ် မှာလိုက်သည်....

ဆယ့်ငါးမိနစ်လောက်ကြာတော့ စားစရာတွေ
အကုန်ရောက်လာတာနဲ့ မေသူကတော့
ဓာတ်ပုံအရင်ရိုက်သည်.... မေသူရိုက်လို့ပြီးတာနဲ့
နှစ်ယောက်သား အသည်းအသန်ကိုစားကြတော့ တာ.... မနက်တည်းက ဘာမှလည်းမစားလာရဘူးဆိုတော့ နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး
အားရပါးရကိုစားကြတော့သည်....

နှလုံးသား စေရာ Where stories live. Discover now