Zawgyi
5 နှစ်ခန့်ကြာသော်...........
စေရာတစ်ယောက် ဒီနေ့တက်ကြွနေသည်။
ဒီငါးနှစ်အတွင်းမှာ ဒီနေ့ကအပျော်ဆုံးလို့ ပြောလို့ရလိမ့်မည်..... ဟုတ်သည်လေ ဒီနေ့ ကျနော်တို့ ရုံးကို သူဌေးလာမယ်တဲ့....သူဌေးက ဦး ဆိုတာ ကြိုသိထားတာလည်းပါမှာပေါ့...
ဦး ကုမ္ပဏီဆိုတာ သိလို့ကို အလုပ်ဝင်ခဲ့တာ....တကယ်တော့ ရှယ်ယာဝင်ထားတာပါ..အလုပ်ဆိုတာကတော့ ဦးနဲ့တူတူ အလုပ်သွားချင်လို့ ဥာဏ်ဆင်ထားတာပေါ့ ..
မာမီက သူ့ကုမ္ပဏီကိုပဲ ဦးစီးဖို့ပြော
တာတောင် ဦးနဲ့ နီးစပ်ချင်လို့ မာမီ့ကို မနည်းပြောထားရတာ.... နောက်ဆုံးတော့ ကျနော်မျှော်လင့်ခဲ့ရတဲ့နေ့လေးရောက်လာပြီပေါ့....ဒါပေမယ့် ငါးနှစ်တောင်စောင့်ခိုင်းတဲ့ဦးကို နည်းနည်းတော့ အပြစ်ပေးချင်ပါသေးသည်။
စောင့်ကြည့်နေတော့ ဦးရေ... ချစ်တာက ချစ်တာပဲ... အပြစ်ပေးတာတော့ပေးရမှာပဲ မဟုတ်လား....."Morning မာမီ "
"Morning...... ငါ့သားတော့ အရမ်းတက်ကြွ
နေပါ့လား "မာမီက ရယ်ကြဲကြဲနဲ့ ပြောတော့ စေရာလည်း
သွားကိုသာ ဖြီးပြရတော့သည်...."မာမီကလည်း.... သား ရင်တွေအရမ်းခုန်နေတာ.. ဦးက အရမ်းချောလာလား မသိဘူးနော်"
"အမလေး မင်းစေရာနိုင်တို့များ... အသက်က ဖြင့် ၂၃ဖြစ်နေပြီ အပျိုဖြန်းလေးကျလို့.... "
"ဟာ မေမေကလည်း..... လူပျို ဖြန်းပါ ...ဒါနဲ့
မေမေ သားတို့ ဇာတ်တိုက်ထားသလိုပဲလုပ်နော်""နင့်ဦးသာ နင့်ဂွင်ထဲ ဝင်ပါစေဦး "
"ဝင်ကို ဝင်မှာ..... မာမီ စောင့်ကြည့်နေ "
If it is real.... and if it is true.... and if our love is a wrong 📞📞
📞"Hello...... အကိုမင်းဇော်" 📞
📞"Hello.... စေရာ အဆင်သင့်ဖြစ်ပြီလား အကို ထွက်လာပြီ...."📞
📞"ဟုတ်ကဲ့ ကျနော် အဆင်သင့်ဖြစ်ပြီ "📞
📞"ဒါဆို ခဏနေ တွေ့ကြတာပေါ့ "📞
"မင်းဇော် လာနေပြီတဲ့လား သား... "
"ဟုတ်တယ် မာမီ... အကိုရှင်းသန့်လည်း ပါတယ်ထင်တယ် "
"အေးပါ...ဒါဆို မာမီ မီးဖိုချောင်ခဏဝင်ဦးမယ်"
YOU ARE READING
နှလုံးသား စေရာ
Romanceအချစ်ဆိုတာ ဘာလဲ? ကျွန်တော့်အတွက်တော့ အချစ်ဟာ အချစ်ပါပဲ လူတစ်ယောက်ကလူတစ်ယောက်ကို ချစ်ရင်အချစ်ပေါ့ ဒါဆို ကျွန်တော့်အချစ်ကရော အချစ်ပဲ မဟုတ်ပါလား.......