Part-7

521 37 0
                                    

Zawgyi

ဒီနေ့ သူကျွန်တော့်ဆီမလာတာ တစ်ပတ်ရှိလေ
ပြီ.....ကျောင်းလည်း လာမတတ်သည်မို့
မင်းဇော်စိတ်ပူနေရသည်..... ရှိတုန်းက နှင်လွှတ်နေပြီး မရှိတော့မှ မျှော်နေမိတယ်.... ဟက်.... မင်းဇော်ထူးရာ....

"မင်းဇော်..... ဒီနေ့လည်း နင့်ရဲ့ shark လေး
မလာပါလား "

အမဝင့်ဝါက ကျောင်းသားစာရင်း စာအုပ်ကို
ခုံပေါ်တင်ရင်း မေးသည်။မဝင့်ဝါဆိုတာ အခြား
သူ မဟုတ် ကျွန်တော်နဲ့အတူ အလုပ်စဝင်တဲ့
အမ.... အကုန်လုံးထဲမှာ အမဝင့်ဝါနဲ့တော့
အတော်ရင်းနှီးသည်။နွေဦးအကြောင်းလည်း
မဝင့်ဝါက သိတော့ အခုလိုမေးတာမဆန်းပါဘူး..... နွေဦးက အမြဲတမ်း
နေ့လည်စာစားချိန်ဆို ကျွန်တော့်ဆီ shark
အအေးဘူးလေး ကိုင်ပြီးလာနေကျ သုံးနှစ်
လုံးလုံး တစ်ရက်တောင်မပျက်ကွက်ခဲ့ဘူး.....
အခုတော့ မင်းပျက်ကွက်တာ တစ်ပတ်ရှိနေပြီ
နွေဦး..... ငါ စိတ်ဆိုးချင်ပြီ.... ဟက်....
စိတ်ဆိုးရအောင် ငါကိုယ်တိုင် မင်းနဲ့ဝေးအောင်
လုပ်ခဲ့မိတာပဲ......

"ရန်ဖြစ်ထားကြတာလား မင်းဇော် "

"မဖြစ်ပါဘူး မဝင့်ဝါရယ်.... "

မင်းဇော်မျက်နှာမကောင်းတာကြောင့် မဝင့်ဝါ
လည်း ဆက်မမေးပဲ နေလိုက်သည်။ ဘာလို့
ကိုယ့်စိတ်ကို မမြင်နိုင်သေးတာလဲ မင်းဇော်....
နင် နွေဦးကို လွမ်းနေတယ်မဟုတ်လား.....

ကျွန်တော်မျက်နှာပျက်သွားတာ မြင်လို့ထင်ပါ
ရဲ့ မဝင့်ဝါက ဆက်မမေးပဲရှောင်ထွက်သွားပေး
သည်။မင်းသိလား နွေဦး.... မင်းနဲ့ပတ်သက်ရင်
ငါ့ရင်ထဲဖြစ်နေတာတွေ မျက်နှာမှာတောင် ပေါ်
နေပြီ..... မင်းဇော်ရဲ့ အတွေးတို့က အတိတ်
နေ့ရက်များဆီသို့......

လွန်ခဲ့သော တစ်နှစ်... နွေဦး sec year စတက်
တဲ့နေ့...... sec year ကိုကျွန်တော်မသင်ရ
တာကြောင့် နွေဦးနဲ့သိပ်မတွေ့ဖြစ်....ဒါပေမယ့်
သူကတော့အမြဲလာတွေ့ပါတယ်....

"ရော့......"

ခုံပေါ်သို့ shark အအေးဘူးလေးကို ချပေးရင်း
ထူး ရဲ့ရှေ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး
လက်နှစ်ဖက်ထောက်ကာ ထူးကို ငေးကြည့်
နေလိုက်သည်။ တစ်နေ့လုံးမှာ ဒီတစ်ခါလေးပဲ
တွေ့ရသည်လေ.... အရင်လိုဆို စာသင်နေတုန်း
တွေ့ရတယ်ဆိုပေမယ့် အခုက ထူးက
ကျွန်တော်တို့အတန်းကိုမသင်ရတော့.... ဒီလိုမှ
လာမတွေ့ရင် ကျွန်တော်လွမ်းနာကျမယ့် ပုံမှာ
ရှိသည်။

နှလုံးသား စေရာ Where stories live. Discover now