Part-8

495 34 0
                                    

Zawgyi

ကျွန်တော်စေ့အိမ်ကို ဝင်ထွက်နေတာ
ပြတစ်နှစ်ရှိလေပြီ....
ဘာလိုလိုနဲ့ အချိန်တွေက မြန်လိုက်တာ....
အချိန်တွေကုန်သွားလည်း ကျွန်တော်စေ့ကို
ချစ်တဲ့ အချစ်တွေက မပြောင်းလဲပေ.... ပိုလို့
တောင် တိုးလာသေးသည်။ ဒယ်ဒီက သြစီမှာ
တာဝန်ကျတာနဲ့ အဲ့မှာပဲအခြေချနေထိုင်သည်လေ..... ဒါကြောင့် ဒီမှာက ကျွန်တော်တစ်ယောက်တည်းမို့ အားတဲ့အချိန်တိုင်း စေ့အိမ်မှာပဲ
နေဖြစ်သည်.... အချိန်တွေသာပြောင်းသွားတာနဲ့အမျှ အမေနဲ့အဘွားက ကျွန်တော့်ကို
အတော်ချစ်ကြသည်.... မင်းဇော်ကလည်း သူ့ကောင်လေးနဲ့အဆင်ပြေလို့....မပြောင်းလဲတာ
တွေကြားထဲက အကြီးမားဆုံးပြောင်းလဲမှု
ကတော့ စေ ပေါ့.....
စေက တစ်ဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့သည်။
စတွေ့တုန်းက ရှက်ပြာရှက်ပြာနဲ့ကောင်လေးက
အခုတော့ အေးဆေးတည်ငြိမ်တဲ့ကောင်လေး
ဖြစ်လာခဲ့သည်လေ.... ကျွန်တော့်အပေါ်လည်း
အရင်လို မဆက်ဆံတော့ပဲ.... အေးတိအေးစက်ဖြစ်သွားသလိုပင်..... ဘာကြောင့်လဲလို့
ကျွန်တော်မမေးဖြစ်ခဲ့ပါ.... သူပေးသမျှ...
သူပြုသမျှကို လက်ခံဖို့ ကျွန်တော်ဆုံးဖြတ်ထား
သည်.....

မင်း စိတ်ကျေနပ်သလို လုပ်ပါ ကလေး....

မင်းသာ ကိုယ့်ဘဝ

မင်းသာ ကိုယ့်ကမ္ဘာ

မင်းသာ ကိုယ့်အနာဂတ်မို့

ကိုယ့်အနာဂတ်ကိုတော့ မမဲ့စေဘူးမဟုတ်လား

ချစ်တယ်..... ငယ်

နီးနေပေမယ့် ပိုဝေးသွားသလို ခံစားလာရတယ်
ငယ်.....
ကိုယ်က မင်းနဲ့နီးရာလာနေပေမယ့်
မင်းကတော့ ကိုယ်နဲ့ဝေးရာပဲ ထွက်သွားနေ
တယ်

အတွေးတွေက ဆို့နစ်လာတော့ ပါးပြင်ပေါ်သို့
မျက်ရည်စီးကြောင်း နှစ်ကြောင်းကျဆင်းသွား
သည်ကို သတိထားမိတော့....ပြုံးလိုက်မိသည်

မင်းသိလား.... ငယ်
ယောကျာ်းတစ်ယောက်ဖြစ်တဲ့ကိုယ်က
မင်းနဲ့ပတ်သက်လာရင် မျက်ရည်တောင်လွယ်
လာပြီ.....
ဒါတွေကို မင်းသိအောင်ပြောပြချင်ပါသေးရဲ့.....

မျက်ရည်ကို လက်ဖမိုးနဲ့ သုတ်လိုက်ကာ
နာရီကိုကြည့်မိတော့ မနက် ရှစ်နာရီ..... အင်း
ဒီနေ့ အမေ့ကို မုန့်လုပ်ကျွေးမယ်လို့ ကတိပေး
ထားသည်.... စသန့်လည်း မနေ့က city mart
ကနေ ဝယ်လာသော ပစ္စည်းထုတ်များကို
ယူကာ စေ့အိမ်ကို ထွက်လာလိုက်သည်.....

နှလုံးသား စေရာ Where stories live. Discover now