Zawgyi
အစည်းအဝေးခန်းထဲတွင် စသန့်ရယ်... မင်းဇော်ရယ် ရှင်းသန့်ရယ်သာ..... အတော်ကြာတဲ့အထိ တိတ်ဆိတ်နေဆဲ..... ထိုတိတ်
ဆိတ်မှုကို ဖြိုခွဲလိုက်တာကတော့....."ငယ် ဘယ်အချိန်တည်းက အခုလို ဖြစ်နေတာလဲ "
စသန့်ရဲ့ စကားသံလည်းကြားရော မင်းဇော်တို့ ခေါင်းထောင်လာသည်..... ဇာတ်တိုက်ထားလို့သာ ဖြေရမှာ... တကယ်က မှားမှာစိုးလို့ စိုးရိမ်ပြီး တံတွေးတွေမြိုချမိတာက အခါခါ......
"လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ.... သူငယ်ချင်း
တွေနဲ့ အပြင်သွားရင်း car accident ဖြစ်တာ....ဆရာဝန်ပြောတာတော့ ခဏတာ ဦးနှောက်က မေ့သွားတယ်ပြောတာပဲ...မင်းနဲ့မတွေ့ခင် အချိန်ကိုပြန်ရောက်သွားတာ.. အန်တီက မင်းအရမ်းစိတ်ပူနေမှာစိုးလို့ မပြောခိုင်းတာ ""ခဏတာ မေ့တာက အခု နှစ်နှစ်တောင်ကွ..... အခုထိ ဘာလို့သတိမရသေးတာလဲ"
"အဲ့ဒါတော့ ဘယ်သိမလဲကွာ.. ငါက ဆရာဝန်မှ မဟုတ်တာ..... "
ကိုယ်ကသာပြောနေရတာ ဟိုအကောင့်မျက်နှာက အခုချက်ချင်းပြိုမဲ့မိုးလို ဖြစ်နေပြီ....
ရယ်ချင်နေပေမယ့် မင်းဇော် မနည်းထိန်းနေရ
သည်။"ငါ့ကြောင့် ငယ်က..... ငါတော်တော် အသုံး
မကျတာပဲ ""မင်းကလဲကွာ.... အခုလည်းနောက်မကျသေးပါဘူး.... သူပြန်မှတ်မိအောင် မင်းကြိုးစားပေါ့ "
"ငါ သွားလိုက်ဦးမယ် မင်းဇော်... ငယ့်ကို ငါပဲ ပြန်ပို့လိုက်မယ်... နောက်မှတွေ့ကြတာပေါ့ကွာ "
ပြောပြီးတာနဲ့ စသန့် အခန်းထဲကအမြန်ပြေးထွက်ရသည်။ငယ်စောင့်နေသည် မဟုတ်လား.... စိတ်ချငယ်.... ကိုယ်က ငယ့်ကို ပြန်သတိရအောင်လုပ်ပေးမှာမို့....
စသန့် ထွက်သွားတာနဲ့ မင်းဇော်ထိန်းထားသမျှတွေ လွှတ်ချလိုက်သည်။
"ဟား..... ဟား...... အမလေး ရယ်ရလို့ အူတက်တော့မယ် "
"ထူးကတော့ဗျာ...... "
နွေဦးကတော့ မင်းဇော် ရယ်လွန်းလို့ကျလာတဲ့ မျက်ရည်စတွေကို လိုက်သုတ်ပေးသည်။
YOU ARE READING
နှလုံးသား စေရာ
Romanceအချစ်ဆိုတာ ဘာလဲ? ကျွန်တော့်အတွက်တော့ အချစ်ဟာ အချစ်ပါပဲ လူတစ်ယောက်ကလူတစ်ယောက်ကို ချစ်ရင်အချစ်ပေါ့ ဒါဆို ကျွန်တော့်အချစ်ကရော အချစ်ပဲ မဟုတ်ပါလား.......