Part-11

430 31 0
                                    

Zawgyi

"ငါ ဆက်မလုပ်နိုင်တော့ဘူး စေရာ "

မေသူပြောတော့ ဂိမ်းဆော့နေရင်း စေရာ
မော့ကြည့်မိသည်.... ဘာကိုပြောတာလဲ

"ဘာကိုလဲ အစမရှိ အဆုံးမရှိ "

ပြောပြီးသည်နဲ့ ဂိမ်းထဲသာ အာရုံပြန်စိုက်ထားလိုက်သည်....ဟုတ်သည်လေ....
ကန်တင်းထိုင်တည်းက
စားစရာတွေမှာပြီးသည်နှင့် ပြောသည့်စကားက
အစမရှိအဆုံးမရှိ....

"နင့်ရည်းစားအဖြစ်ဟန်ဆောင်တာကို ပြောတာ... မလုပ်နိုင်တော့ဘူး "

မေသူက စိတ်ပျက်ဟန်ဖြင့်ပြောလာတော့
စေရာ ပြာပြာသလဲနဲ့ ဆော့လက်စဂိမ်းကိုပိတ်
ဖုန်းကို စားပွဲပေါ်တင်ကာ မေသူ့ကို သေချာ
ကြည့်လိုက်သည်.....သူမလုပ်ပေးလို့မရဘူးလေ
အခုမှ အစပဲရှိသေးတာကို.... ဦးက ကျွန်တော့်ကို စိတ်မပျက်သေးဘူးလေ

"ဘာလို့လဲ မေသူရာ... နင်ကူညီမှဖြစ်မှာလေ"

"နင် တကယ်ပဲ ကိုကြီးကို မသနားဘူးလား....
ကိုကြီးက နင့်ကိုအရမ်းချစ်တာ နင်သိလား...
ငါနဲ့နင်နဲ့ကို တွဲတွေ့တိုင်း သူရယ်နေပေမယ့်
သူ့မျက်ဝန်းတွေမှာ မျက်ရည်တွေဝဲနေတာ....
သူ့ရင်ထဲ ပူလောင်နေမှာ.... နင် တကယ်
ရက်စက်လွန်းတယ် စေရာ "

"အဲ့ဒါတော့ ငါလည်း လက်ခံတယ် ....
သူ့အကြည့်တွေကနေ မင်းကို ဘယ်လောက်
ချစ်ကြောင်း သိသာနေတာ..... မင်းက ဘာကို
ကြောက်ပြီး တွေဝေနေတာလဲ .... နောက်မှ
နောင်တရမယ်နော် ဟျောင့်"

မေသူ့စကားကို ဝေလင်းဟန်ကလည်း
ထောက်ခံလာလေသည်.... ဝေယံကတော့
ဘာမှမပြော ခေါင်းသာငြိမ့်နေသည်

"ငါလည်း သိပ်ချစ်တာပေါ့.... မင်းတို့ဘယ်သိ
မလဲ.... ငါသူ့အပေါ် ချစ်တဲ့အချစ်တွေက
သူ့ထက်တောင်ပိုကောင်းပိုနိုင်တယ်.....
ဒါပေမယ့် ငါ့ရဲ့ အတ္တတစ်ခုနဲ့ သူ့ဘဝ ပျက်စီး
သွားအောင် ငါမလုပ်ရက်ဘူး... သူက
အောင်မြင်နေတဲ့ သူတစ်ယောက်.... တကယ်
လို့ မကောင်းတဲ့သတင်းတွေထွက်သွားရင်
သူပင်ပန်းထားသမျှ ရေစုန်မျောမှာ.... ငါ အဲ့လို အဖြစ်မခံနိုင်ဘူး.... ငါပဲ ခံစားပါရစေ.... ငါ
သူ့ကို အရမ်းချစ်တာပါ.....ဟင့်... အင့် "

နှလုံးသား စေရာ Where stories live. Discover now