Unicode👬
အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော့်နာမည်ကတော့ထူးအောင်ပါ ။ ထူးအောင်ဆိုလို့အထင်မကြီးလိုက်ကြနဲ့နော် ။ရုပ်ရှင်ထဲကမင်းသားထူးအောင်မဟုတ်ဘူး ။
အားလုံးထက်ထူးအောင်လို့ကျွန်တော့်အဘိုးကမှည့်ပေးထားတာပါဗျ ။ ရယ်ရတယ်နော် ။ တကယ်လည်းထူးပါတယ် ။ အားလုံးထဲမှာကျွန်တော်တစ်ယောက်တည်းပုနေတာာလေ ။ ခန္ဓာကိုယ်ကလည်းသေးသေးလေးရယ် ။ ကျွန်တော့်မှာသူငယ်ချင်းနှစ်ယောက်ရှိတယ် ။ မိုးကောင်းကင်နဲ့မင်းသူရိန်တဲ့ ။ သူတို့ကကျွန်တော့်ထက်အရပ်လည်းရှည်တယ် ။ အဆောင်မှာလည်းနေလို့ရတယ် ။ ကျွန်တော်ကအဆောင်နေချင်တာကိုအိမ်ကမိဘတွေကခွင့်မပြုကြဘူး ။ အခုလိုသူများထက်ထူးနေတာအဖိုးရဲ့ကျေးဇူးတွေ ။ တကယ်ကိုထူးထူးခြားခြားလေးပါပဲ ။ဒီထက်ထူးခြားတာရှိသေးတယ် ။ ကျွန်တော်ကနောက်ဆုံးနှစ်အစ်ကိုတစ်ယောက်ကိုသဘောကျမိနေတာ ။ နာမည်စီးနေတာပဲဖြစ်ရမယ် ။ ကျွန်တော့်ဘဝမှာသူများနဲ့မတူ ထူးခြားတာတွေပဲရတယ် ။ အဖိုးကိုဒီကနေကန်တော့လိုက်ပါတယ်နော် ။ မှတ်ထားနော် ကျွန်တော့်နာမည်ကထူးအောင် သူများထက်တကယ်ထူးတယ်ဗျ ...... ။"ဟိုကာလနဂါးသားလေး မထသေးဘူးလား"
ဟော ဒါကမားသားကြီးရဲ့အသံ ။ မာသားကြီးကအဖေ့ကိုသွယ်ဝိုက်တဲ့နည်းနဲ့ပြောလိုက်တာ ။ ကျွန်တော်ကအလယ်ကမြေစာပင်လေးပေါ့ဗျာ ။
"ကိုယ်ထပါပြီကွာ ၊ ကာလနဂါးလို့တော့မပြောပါနဲ့"
ဒါကအဖေ့ကိုနှိုးတဲ့နည်းလမ်းဗျာ့ ။ အဖေကတော့နိုးသွားပြီ ။ ကျွန်တော့်ကိုမနှိုးသေးဘူး ။ မသိမသာလေးဆက်မှိန်းနေလိုက်ဦးမယ် ။
"ဟဲ့ နင်မထသေးဘူးလား ၊ အဖေကတစ်မျိုးသားကတစ်မျိုး ၊ နင်ငါတို့မရှိရင်ပိုလွတ်လပ်နေမှာပေါ့"
"အား အမေ့ ဘာလို့ကန်ချတာလဲ"
မားသားရဲ့ နှိုးနည်းကတော့နည်းနည်းကြမ်းတယ် ။ ခြေထောက်နဲ့ကုတင်ပေါ်ကကန်ချတာ ။ လူကျမကျဘူး ခွေးကျကျတာ ။ တော်တော်နာတယ် ။ မားသားတို့မြန်မြန်ပြန်တာပဲကောင်းတယ် ။
YOU ARE READING
သူနဲ့ကျွန်တော်(Season - 2)