Unicode👬
ထူးအောင်နဲ့စည်သူဒီနေ့ဒိတ်လုပ်ဖို့အတွက်ချိန်းထားကြသည် ။ ထူးအောင်လေးက အပီအပြင်တွေပြင်ဆင်နေတာပေါ့ ။ အင်္ကျီတွေလည်းတစ်ထည်ပြီးတစ်ထည်ရွေးလို့ကိုမပြီးတော့ဘူး ။ အင်္ကျီတောင်ရွေးလို့မပြီးသေးဘူး အစ်ကို့ဆီကဖုန်းဝင်လာသည် ။
"ဟျောင့် မင်းမပြီးသေးဘူးလား"
"ဟာ ဘယ်လိုဖြစ်နေတာလဲ ၊ ခဏစောင့်ပါဆိုနေမှပဲ ၊ အင်္ကျီလဲနေတယ်လို့"
"ငါစောင့်နေရတာနာရီဝက်ရှိနေပြီကွ"
စည်သူစိတ်မရှည်တော့တဲ့အဆုံး ထူးအောင်အခန်းထဲအထိဝင်လာလိုက်တော့သည် ။ အနားကတွေ့တဲ့အင်္ကျီတစ်ထည်ကောက်စွပ်ပေးလိုက်ပြီး ပွနေတဲ့ဆံပင်တွေကိုဖြီးပေးလိုက်သည် ။ ပြီးတာနဲ့ ပုခုံးပေါ်မှာထမ်းပြီးခေါ်လာလိုက်တော့သည် ။
"အား အစ်ကိုဘာလုပ်တာလဲ ၊ ချပေး ချပေး အောက်ချပေး ၊ ကျွန်တော်လမ်းလျှောက်နိုင်တယ်"
ဘာမှမပြောဘဲ ကားပေါ်တင်ပြီးခါးပတ်ပတ်ပေးလိုက်သည် ။ ကားတံခါးကိုပိတ်လိုက်ပြီး သူလည်းကားထဲဝင်ထိုင်လိုက်သည် ။
"ချစ်စရာကောင်းတာမို့ ..... ဘယ်လိုနေနေချစ်စရာကောင်းနေတာမို့ ထွေထွေထူးထူးပြင်မနေပါနဲ့ ၊ မင်းကိုတခြားသူတွေကြည့်မှာမကြိုက်
ဘူး"ထူးအောင် သဘောကျလွန်းလို့ ပြုံးဖြီးသွားသည် ။
"အစောကတည်းကအဲ့လိုပြောလေ ၊ ဒီမှာပြင်ဆင်ရတာဘယ်လောက်မောရလဲ ဟီးဟီး"
"လူဆိုးလေး သွားကြမယ် ၊ အချိန်တွေလင့်ကုန်ပြီ"
"Yes !! Yes !! Let's Go !"
ထူးအောင်တို့ရာဇဝင်မှာ မုန့်မစားရသေးရင်ဘာမှလုပ်ချင်စိတ်မရှိလို့အရင်ဦးဆုံးဗိုက်ဖြည့်ရသည် ။ ဆိုင်လေးတစ်ဆိုင်မှာဝင်ထိုင်လိုက်ပြီးကင်မ်ချီထမင်းကြော်တစ်ပွဲနဲ့Black Coffeeလေးတစ်ခွက်သောက်လိုက်မှနေသာထိုင်သာရှိသွားသည် ။
"သား !"
သိပ်ကိုခံ့ညားလှသည့်အမျိုးသမီးတစ်ဦး သူတို့နှစ်ဦးအနားသို့ရောက်လာသည် ။ ဆံနွယ်တွေကိုအလှဆံထုံးထုံးထားပြီး မျက်လုံးတွေကတောက်ပလွန်းသည် ။ ထက်မြက်ရဲရင့်သည့်အမျိုးသမီးဆိုတာကြည့်ရုံနဲ့သိနိုင်သည် ။
YOU ARE READING
သူနဲ့ကျွန်တော်(Season - 2)