အပိုင်း - ၄👬

4.9K 427 11
                                    

Unicode👬

ပိစိ​လေးဆီကပြန်လာကတည်းက လူက​နေလို့ကိုမ​ကောင်းဘူး ။ ​ချောင်း​တွေလည်းအရမ်းဆိုးတယ် ။ အချိုနည်းနည်း​လေးစားတာနဲ့ရင်​တွေအရမ်းကျပ်တတ်တဲ့လူက ဒီပိစိ​လေး​​ကျွေးတဲ့​ချောကလက်က​လေး​တွေကိုသူစားခဲ့တယ် ။ ခန္ဓာကိုယ်တစ်ခုလုံးကလည်းနီရဲ​နေပြီ ။ သူစားခဲ့တဲ့အစားအစာထဲမှာဘာ​တွေပါ​လို့လဲ ။ ပင်လယ်စာလည်းမပါဘူး ။ သူစားခဲ့တာ​တွေပြန်စဥ်းစားကြည့်လိုက်တာတစ်ခုပဲရှိတယ် ။ ပုဇွန်နဲ့အုန်းနို့နဲ့ချက်ထားတဲ့ဟာကသူ့ကိုဒီလိုဖြစ်​စေတာပဲဖြစ်ရမယ် ။ သူစားတုန်းကစိတ်ထဲ​တော့ထင့်​နေ​ပေမဲ့ သူစား​နေတာကိုလိုက်ကြည့်​နေတဲ့​ကောင်​လေး​ကြောင့် သူဆက်စားခဲ့မိတယ် ။
အခု​တော့သူ ​ရင်​တွေကျပ်ပြီး​သေမလိုခံစား​နေရပြီ ။ သူ​ကျောင်းလည်းမသွားနိုင်ဘူး ။ ​ဆေးခန်းပြလိုက် ​ဆေး​တွေ​သောက်လိုက်နဲ့လည်ပတ်​နေရတယ် ။

Knock knock ......

"သခင်​လေး သူငယ်ချင်း​တွေ​ရောက်​နေပါတယ်"

"အဟွတ် အဟွတ် ဘယ်ကသူငယ်ချင်း​တွေလဲ"

သူကုတင်​​ထောင့်စွန်းတွင်ထိုင်လိုက်သည် ။

"ယမင်းစိုးလို့​ပြောပါတယ်"

"​သြော် ဟုတ်ကဲ့ ၊ ကျွန်​တော်လာခဲ့မယ်"

အိမ်ကအ​ဒေါ်ကြီးနဲ့အ​နောက်က​နေ ယမင်းတို့အဖွဲ့လိုက်ကြီး​ရောက်လာကြသည် ။ ပုံစံ​တွေကြည့်ရတာ ​ကျောင်းက​နေအတန်းလစ်လာတဲ့ရုပ်​တွေနဲ့တန်းစီပြီးအခန်းထဲဝင်လာကြသည် ။ ယမင်းတို့အဖွဲ့လို့သာ​ပြောရတယ် မိယမင်းတစ်​ယောက်ကို​တော့မ​တွေ့ဘူး ။

စည်သူ >> ယမင်းပါမလာဘူးလား

ဆု​မေ >> ပါပါတယ် ၊ ဘယ်ကျန်ခဲ့တာလဲ ၊ အိမ်အထိပါလာပါတယ် ဟုတ်တယ်​နော်

သီရီ >> ​အေး ပါလာပါတယ် ၊ ခုဏက​တော့ရှိပါ​သေးတယ် ၊ ဟိုက​လေး​လေး​ရော

စည်သူ >> ဘယ်ကက​လေးလဲ ၊ နင်တို့မှာတိတ်တိတ်ပုန်းက​လေးရှိ​နေကြတာလား

"ယမင်း >> ဖွဟဲ့ လွဲပါ​စေ ဖယ်ပါ​စေ ၊ ငါတို့ကအပျိုကြီးလုပ်မှာ ၊ လာပါက​လေးငယ်ရယ် ဘာကို​ကြောက်​နေတာလဲ

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now