Unicode👬
ထူးအောင်ကိုအမြဲတမ်းကန်တင်းမှာပဲတွေ့နေရတာစိတ်ထဲတွင်အဆင်မပြေလှ ။ တွေ့လိုက်တိုင်းမြင်လိုက်တိုင်းလည်းကောင်မလေး
တွေနဲ့ပူးပူးကပ်ကပ် ။ ဒါမျိုးမြင်နေရတာအမြင်မတော်ဘူးလို့သူ့
စိတ်ထဲတွင်ထင်နေသည် ။"ထူးအောင် !"
သူ့ကိုကျောခိုင်းထိုင်နေတဲ့ထူးအောင်ဆီကိုသူလျှောက်သွားလိုက်သည် ။ ဒီကောင်လေးကိုဒီနေရာကနေသူဆွဲထုတ်လာချင်ပေမဲ့လို့
ဒီလက်ကလေးဆွဲဖို့ကိုသူတွန့်ဆုတ်နေသည် ။"မင်းအတန်းမတက်ဘူးလား"
"ဒါကBreak Timeလေအစ်ကို ၊ ဘယ်သူမှအတန်းမတက်ကြပါ
ဘူး"ဘေးနားကကောင်မလေးတွေပြုံးစိစိဖြစ်ကုန်ကြပြီ ။ သူဒေါသက
လည်းထွက်တယ် ။ ကောင်မလေးတွေရှေ့မှာဆိုတော့ရှက်လည်း
ရှက်တယ် ။ သူဘာမှဆက်မပြောတော့ဘဲသူ့နေရာကိုပဲသူပြန်လာ
လိုက်တယ် ။ အမှန်တော့သူဘာဆက်ပြောရမှန်းမသိတော့လို့လှည့်
ထွက်လာခဲ့ခြင်း ။"ဟဲ့ ငါတို့အဖွဲ့ထဲမှာလေ အမှန်အတိုင်းဝန်မခံတတ်တဲ့သူရှိနေပြီဟေ့"
ယမင်းကဟိုလိုလိုဒီလိုလိုနဲ့စည်သူ့ကိုကြည့်ပြီးထေ့ငေါ့ပြောတော့
သည် ။ စည်သူကတော့ယမင်းပြောသည့်စကားကိုနားဝင်ပုံမရ ။
အအေးခွက်ထဲကရေခဲတုံးတွေကိုသာပိုက်နဲ့ထိုးချရင်းမျက်မှောင်ကျုံ့
နေသည် ။ ကောင်လေးကတော့ကောင်မလေးတွေနဲ့အတူတူရယ်
မောရင်းစားသောက်နေသည် ။"မာမီ သားမာမီတို့ဆီလာချင်တယ်"
မာမီနဲ့ဖုန်းပြောရင်းကုတင်ပေါ်သို့ပက်လက်လှန်လှဲချလိုက်သည် ။
"မာမီကလည်း သားပျင်းတယ် ၊ လာပါရစေ နော်"
"မျောက်လောင်းရယ် ငါတို့တွေအလုပ်ရှုပ်နေတယ် ၊ မာမီတို့အားရင်သားကိုလာခေါ်မယ်လေ နော် ၊ မာမီ့မျောက်ကလေးကလိမ္မာတယ်လေ နော်"
"မာမီတို့ကပြောလိုက်ရင်အဲ့လိုပဲ ၊ အာ့ဆိုမုန့်ဖိုးပေးဦး"
YOU ARE READING
သူနဲ့ကျွန်တော်(Season - 2)