အပိုင်း - ၂👬

6.2K 496 18
                                    

Unicode👬

ဟို​နေ့ကကျွန်​တော်​ပြောခဲ့တာကို​မေ့လိုက်ကြ​တော့ ။ ကျွန်​တော်crushကိုဆက်မခွက်​တော့ဘူးလို့​ပြောခဲ့တာကိုမ​ပြောခဲ့ဘူးလို့ပဲထားလိုက်​တော့ ။ ဘာလို့လဲဆို​တော့ အဲ့​နေ့ပြီး​တော့​နောက်တစ်​နေ့ကိုကိုကကျွန်​တော့်ဆီကို​ရောက်လာတယ် ဟိ ။

"​ဟေ့ ဟို​ပေါက်စ​လေး လာဦး"

​အ​ဆောင်​ရှေ့ကို​ရောက်ခါနီးမှcrushရဲ့အသံကိုကြားလိုက်ရတယ် ။ ကျွန်​တော့်ကို​ခေါ်မှန်း​တော့မသိ​ပေမဲ့ အသံကြား​တော့လှည့်ကြည့်မိတယ် ။ သူကကျွန်​တော့်ကိုလက်ယက်ပြီး​ခေါ်​နေတယ် ။ ကျွန်​တော့်ကို​ခေါ်​နေတာလား ​ဘေးနားကလူ​တွေထဲကတစ်​ယောက်​ယောက်ကို​ခေါ်​နေတာလားဆိုတာ​တော့မကျိန်း​သေဘူး ။ ကျွန်​တော်လည်းအရှက်ကွဲမှာစိုးလို့အဲ့အတိုင်းပဲရပ်​နေလိုက်တယ် ။ သူကျွန်​တော့်ဆီကို​လျှောက်လာတယ် ။ သူနီးလာတာနဲ့အမျှကျွန်​တော့်နှလုံးခုန်နှုန်း​တွေမြင့်တက်လာတယ် ။ သူကျွန်​တော့်အ​ရှေ့မှာရပ်လိုက်တယ် ။ တကယ်ကိုအရှည်ကြီးဗျာ အရပ် အရပ် ။ ​မှောင်​နေကြတာဆို​တော့​သေချာ​ပြောပြတာ ။ ကျွန်​တော်​သူ့ကိုမော့ကြည့်ရတယ် ။ သူ့လွယ်အိတ်ထဲက​နေတစ်ခုခုကိုထုတ်​နေတယ် ။ ကျွန်​တော်လည်း​သေချာလိုက်ကြည့်​နေမိတယ် ။ ​ဆေးဘူး​သေး​သေး​လေးတစ်ဘူးထွက်လာတယ် ။

"​ရော့ ​နေ့တိုင်း​လိမ်း​ပေးရင်အမာရွတ်မကျန်ဘူးတဲ့ ၊ ​သေချာလိမ်း"

Oh my god အခုကျွန်​တော့်ကိုဂရုစိုက်​ပေး​နေတာလား ။ ကျွန်​တော့်အတွက်​ဆေးဝယ်လာ​ပေးတယ်​ပေါ့ ။ အခုလိုကျ​တော့လည်းလူသားဆန်သားပဲ ။

"ဟုတ် ​ကျေးဇူးပါအစ်ကို ၊ ​သေချာလိမ်းလိုက်ပါ့မယ် ၊ အစ်ကို့ကိုအရမ်းသ​ဘောကျတယ် ၊ ကျွန်​တော်အတန်းရှိလို့သွား​တော့မယ်​နော်"

သူ့လက်ထဲက​ဆေးဘူး​လေးကိုမြန်မြန်ယူလိုက်ပြီးအ​ဆောင်ထဲကို​ပြေးဝင်လိုက်တယ် ။ သူ့အကြည့်​တွေကိုမခံနိုင်​တော့ဘူး ။ ရင်ခုန်သံ​တွေကအရမ်းမြန်​နေလို့သူကြားမှာ​တောင်စိုးရိမ်ရတယ် ။ အတန်းတက်​နေလည်းအ​တွေးထဲမှာမနက်ကအ​ကြောင်းကိုပဲပြန်​တွေး​နေမိတယ် ။ အရမ်းကို​ပျော်ရတယ် ။ ​တွေး​လေ​တွေး​လေပိုကြည်နူးစရာ​ကောင်း​လေပဲ ။ တခြားလူအမြင်မှာ​တော့ကျွန်​တော်ကအရမ်းကိုပိုလွန်း​နေတယ် ယွလွန်း​နေတယ်လို့ထင်ကြမြင်ကြမှာပဲ ။ ဒါ​ပေမဲ့အစ်ကို့လိုလူမျိုးကိုရဖို့ကကျွန်​တော့်အတွက်အရမ်းခက်ခဲတယ် ။ အစ်ကိုက​အေးတိ​အေးစက်လူမျိုး ။ ​ကောင်မ​လေး​တွေဝိုင်းဝိုင်းလည်​နေတာ ။ ဒီလိုမျိုးတစ်ခါတစ်​လေဂရုစိုက်​ပေးတဲ့အခါကျွန်​တော်အရမ်း​ပျော်တယ် ။ အခုအစ်ကို​ပေးသွားတဲ့​ဆေးဘူး​လေးကို မားတို့ကိုသွားကြွားရမယ် ။

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now