အပိုင်း - ၈👬

4.7K 389 6
                                    

Unicode👬

​ခြေ​ထောက်က​ကောင်းသွား​ပေမဲ့လည်း စည်သူအနားမှာမ​နေ​တော့ဘဲပြန်သွားမည်ကို​ကြောက်​သော​ကြောင့် မ​ကောင်း​သေးဟန် ဟန်
​ဆောင်​နေမိသည် ။

"ထူး​အောင်​ရေ မထ​သေးဘူးလား ၊ မင်းဒီ​နေ့Tutorialရှိတယ်ဆို
​ထ​တော့​လေ"

"အစ်ကိုလိုက်မပို့ဘူးလား"

​စောင်ပုံထဲက​နေထွက်မလာ​သေးဘဲအသံ​လေးကသာအရင်ထွက်လာ
သည် ။ စည်သူ ​စောင်ပုံထဲက​ကောင်​လေးကိုဆွဲထုတ်လိုက်သည် ။

"ဒီ​နေ့ငါ​ကျောင်းမတက်ဘူး ၊ မင်း​ခြေ​ထောက်လည်းသက်သာ​နေပြီ
မလား ၊ ဒီ​နေ့​တော့ကိုယ့်ဘာသာကိုယ်သွားလိုက်​တော့"

"အစ်ကိုကဘာလို့​ကျောင်းမတက်တာလဲ"

"ချိန်းထားတာရှိလို့"

​ကောင်​လေးကသူ့အ​ပေါ်က​စောင်​ကိုဖယ်ပြီး​ရေချိုးခန်းထဲဝင်သွား
သည် ။ ​ကျောင်းသွားဖို့အတွက်ပြင်ဆင်ပြီး​အောက်ထပ်သို့ဆင်းလာ
သည် ။ စည်သူကမနက်စာစားဖို့အတွက်ထိုင်​စောင့်​နေသည် ။

"ကျွန်​တော်သွား​တော့မယ်"

"​ထူး​အောင် မနက်စာစားသွား​လေ"

"မစား​တော့ဘူး ၊ ​နောက်ကျ​နေပြီ"

"ထူး​အောင် မင်းနဲ့စကားမများချင်ဘူး​နော် ၊ မင်း​ဆေး​သောက်ရမှာ
မင်းမသိဘူးလား ၊ လာ ထိုင် အ​စောကြီးရှိ​သေးတယ်"

ထူး​အောင်ကိုဆွဲ​ခေါ်ပြီးစားပွဲတွင်ထိုင်ခိုင်းလိုက်သည် ။ ​ကောင်​လေးကစကားတစ်ခွန်းမှမ​ပြောဘဲထမင်း​ကြော်စား​ကော်ဖီ​သောက်ပြီး
ထွက်သွားသည် ။

"​မင်းလွယ်အိတ်ထဲမှာ​ဆေးထည့်​ပေးထားတယ် ၊ ​နေ့လယ်​သောက်
လိုက်ဦး​နော်"

ကား​ပေါ်တွင်လည်းနားကြပ်တပ်ပြီးမျက်နှာ​သေနဲ့တစ်​နေရာတည်းကိုသာစိုက်ကြည့်​နေသည် ။ ကားဂိတ်ဆုံးအထိပါသွားမှန်း​တောင်သူမသိလိုက် ။ ကားသမားဦး​လေးကြီးကကားတံခါးပိတ်ဖို့အတွက်ဆင်းခိုင်း​တော့မှကားဝင်းအထိပါလာမှန်းသူသိ​တော့သည် ။ ကား​ပေါ်ကဆင်းပြီး​အ​ဆောင်ဘက်ကိုလမ်း​လျှောက်လာလိုက်သည် ။ ထူး​အောင်အ​ဆောင်​ရှေ့​တောင်မ​ရောက်ဘဲပြန်လှည့်​ပြေးပြီးနောက်ထွက်မယ့်ကား​ပေါ်ကိုဆက်တက်လိုက်သည် ။ တစ်​နေကုန်ကားပဲပတ်စီး​နေမိသည် ။

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now