အပိုင်း - ၁၀👬

4.7K 393 12
                                    

Unicode👬

ထူး​အောင်၏စန်းဟူ၍ပဲ​ပြောရမလား ၊ အခု​နောက်ပိုင်း​ကောင်မ​လေး​တွေကြားထဲတွင်​ရေပန်းစားလာသည် ။ ဒါကို စည်သူလုံးဝ
သ​ဘောမ​တွေ့ ။ ဟို​ကောင်မ​လေးနဲ့လမ်းမှာ​တွေ့လို့နှုတ်ဆက်ရတာ ၊
စကား​ပြောရတာ​တွေကိုသူလုံးဝမနှစ်သက် ။

"ထူး​အောင် မင်း​ကောင်မ​လေး​တွေနဲ့အ​ပေါင်းအသင်းသိပ်မလုပ်နဲ့ကွာ"

"ဟမ် ! ဘာလို့လဲ ၊ ခင်ဗျားကြီးသဝန်တို​နေပြီလား ဟီးဟီး"

"ဟက်! ဘာခံစားချက်မှမရှိဘူး ၊ ငါအတန်းသွား​တော့မယ် ၊ မင်း
လည်းအတန်းသွားတက်​တော့"

အစ်ကိုနဲ့က​တောက်ကဆဖြစ်ပြီးအတန်းဘက်သို့ထွက်လာလိုက်သည်
။ ခံစားချက်မရှိတာကိုDateကြည့်မယ်​လည်း​ပြော​သေးတယ် ။ ဘယ်
လိုလူကြီးမှန်းကိုမသိတာ ။ တကယ့်ကိုလက်​ပေါက်ကပ်တဲ့လူကြီး ။

ထူး​အောင်အတန်းထဲ​ရောက်လာ​တော့လည်းဟိုနှစ်​ယောက်ကရန်ဖြစ်
​နေသည် ။ အလယ်ကဝင်၍​စေ့စပ်​ပေး​သော်လည်းသူပဲ​ဒေါသထွက်လာရသည် ။ ​ဒေါသထွက်ထွက်နဲ့စည်သူတို့အတန်းဘက်ကိုသာထွက်လာခဲ့လိုက်​တော့သည် ။​

ထူးအောင်တစ်ယောက်တက်ကြွစွာနောက်ဆုံးနှစ်အဆောင်ဘက်သို့ကူးသွားသည် ။ ထူး​အောင် စည်သူ့ကို​တွေ့လိုက်ရသည် ။ စည်သူစာနား​ထောင်​နေသည့်ပုံကိုတစိမ့်စိမ့်ကြည့်​နေသည် ။

ဟင်းဟင်း ဟိုမှာတွေ့လား ။ ချောတယ်မလား အဟိ ကြည့်လေကြည့်လေကြွေလေပဲ ။ စာနားထောင်နေတဲ့ပုံလေးကိုကချောတာ ။
တဖြုတ်ဖြုတ်ကြွေနေပါပြီ ။

"ဟိတ်ကောင်"

ထူး​အောင်သူ၏ပုခုံး​ပေါ်သို့လာပုတ်သည့်လက်ကိုအနောက်ကိုလှည့်မကြည့်ဘဲဖယ်ချလိုက်သည်။

"ဟိတ်ကောင်"

သူ၏ပုခုံးကို​နောက်ထပ်တစ်ကြိမ်ထပ်ပုတ်ပြန်သည် ။ ဒီတစ်ခါ​တွင်
လည်းသူဖယ်ချလိုက်ပြန်သည် ။

"ဟိတ်​ကောင် !"

ထူး​အောင်​ဒေါသထွက်လာသည် ။ ဒီမှာ​ချောင်း​နေရတာကိုဘး်သူကနားမလည်ဘဲလာ​နောက်​နေတာလည်းမသိဘူး ။

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now