Unicode👬
မန္တလေးကဟိုတယ်တစ်ခုမှာတည်းခိုဖို့အတွက်ကြိုချိတ်ထားပြီးသား။
ဒီနေမကောင်းနေတဲ့ကောင်လေးကြောင့် တစ်ယောက်တည်းသီးသီး
သန့်သန့်နေတတ်တဲ့သူက ဒီကောင်လေးကိုခေါ်ထားရတော့မယ် ။
ဒီလောက်မူးတတ်ရင်လည်းအစကတည်းကမလိုက်နဲ့ပေါ့ ။ အခုတော့ သူ့မှာအဖွဲ့ခေါင်းဆောင်ဆိုတော့ ဒီကောင်လေးကြောင့်သူခေါင်းပူနေရပြီ ။"ဒီမှာအိပ်နေခဲ့နော် ၊ ငါပြန်လာခဲ့မယ်"
"ဟုတ်"
ကုတင်ပေါ်မှာကောင်လေးကိုအိပ်ခိုင်းထားခဲ့ပြီး သူအပြင်ပြန်ထွက်သွားသည် ။ တံခါးပိတ်လိုက်သံချောက်ခနဲကြားတာနဲ့အိပ်ရာပေါ်မှာ
ကွေးနေတဲ့ကောင်လေး ဆက်ခနဲငုတ်တုပ်ထထိုင်တော့သည် ။ယေး ငါ့အကြံအောင်မြင်တယ် ။ အစ်ကိုနဲ့တစ်ခန်းတည်းနေရပြီ ။
အစကတည်းကအမူးပျောက်တာကြာပြီ ။ အခုရေချိုးလိုက်ဦးမယ် ။
ပြီးမှအိပ်တော့မယ် ။ရေချိုးခန်းထဲပြေးဝင်လိုက်သည် ။ ဝါး အမိုက်စားကြီး ။ အစ်ကိုကတကယ်ချမ်းသာတယ်ထင်တယ် ။ ငါချိုးချင်တဲ့bath tube
လည်းပါတယ် ။ ဝါး တကယ့်ကိုအမိုက်စားကြီး ။ အစ်ကိုကတကယ်အရမ်းချမ်းသာနေရင် ကျွန်တော့်ကိုဘယ်လိုထင်သွားမလဲ ။
ပိုက်ဆံရှိလို့ကပ်တယ်လို့ထင်သွားမလား ။ အဲ့လိုထင်သွားရင်ဘယ်လိုလုပ်မလဲ ။ ကျွန်တော်ကအဲ့လိုလူစားမျိုးမဟုတ်ဘူးဆိုတာ
အစ်ကိုသိမှာပါ ။ ဟုတ်တယ် အစ်ကိုသိပါတယ် ။"ထူးအောင်! ထူးအောင်!"
ဟင် အစ်ကိုပြန်လာပြီလား ။
"ဗျာ"
သူ့မှာတော့အိပ်ရာပေါ်မှာမတွေ့တော့လို့ခေါင်းမီးတောက်သွားရပေမဲ့
ကောင်လေးကခေါင်းစုတ်ဖွားနဲ့ရေချိုးခန်းထဲကပြေးထွက်လာသည်။"အစ်ကို ဟီးဟီး"
"မင်းငြိမ်ငြိမ်လေးမနေနိုင်ဘူးလား ၊ ငါ့ကိုဒုက္ခပေးနေတာလား ၊
ပျော်လား ငါဒီလိုဖြစ်နေတာမြင်တော့ပျော်လား"
YOU ARE READING
သူနဲ့ကျွန်တော်(Season - 2)