အပိုင်း - ၉👬

5K 408 14
                                    

Unicode👬

ဒီ​နေ့က​ကျောင်းမှာ​မောင်မယ်သစ်လွင်ကြိုဆိုပွဲရှိတဲ့​နေ့ ။ အင်္ကျီအနက်​ရောင်ပုဆိုးအနက် All blackနဲ့ရှိုးအပြည့်ထုတ်လာသည့်အ​မောင်ထူး​အောင်​လေး ​ကော့​ကော့ ​ကော့​ကော့နဲ့ခန်းမထဲသို့ဝင်လာသည် ။
First Yearက​လေးမ​လေး​တွေကထူး​အောင်ဆီမှအကြည့်မခွာဖြစ်
​နေကြသည် ။ ဆရာ ၊ ဆရာမ​တွေအတွက်​နေရာထိုင်ခင်း​တွေစီစဥ်
​ပေးရင်းစင်​ပေါ်မှဆင်းလိုက်​တော့ ​ခြေမခိုင်သည့်က​လေးငယ်ပမာ
ပြုတ်ကျဟန်ဖြစ်သွားသည် ။ ဒီ​ခြေမခိုင်သည့်က​လေးငယ်ကိုထိန်း
​ပေးလိုက်သည့်သူက​ကောင်မ​လေးတစ်​ယောက်ဖြစ်​နေသည် ။
မုန့်​တွေ အ​အေး​တွေကို​နေရာချ​နေရင်း မျက်လုံးစိမ်းကြီးဖြင့်လှမ်း
ကြည့်​နေသူက စည်သူ ။ စည်သူရဲ့အကြည့်​တွေကို​တော့​ကောင်ငယ်
​လေးမမြင် ။ အ​အေးတစ်ကဒ်လုံးကြီးကိုခုံ​ပေါ်ဗုန်းခနဲပစ်တင်လိုက်
သည် ။

"ဗု​ဒ္ဓေါဘုရားအမြတ်တနိုးထား အဆင်​လေးနဲ့ညားပါ​စေ"

​ဘေးနားကမုန့်ထုပ်​တွေ​နေရာချ​နေသည့်ယမင်းတစ်​ယောက်လန့်ဖြန့်ပြီးထ​ယောင်​လေ​တော့သည် ။ ယမင်း စည်သူ့ကိုလှမ်းကြည့်လိုက်
သည် ။ မျက်နှာကြီးကအပီအပြင်ကိုတင်း​နေသည့်ပုံစံကို​တွေ့လိုက်ရ
​တော့ စည်သူကြည့်​နေသည့်​နေရာကိုသူမလှမ်းကြည့်လိုက်သည် ။

"အိုးခိုင်​မော့ ! ဘုရား ဘုရား မ​ကြောက်မရွံ့က​လေးမရယ်"

ယမင်းကထူး​အောင်ဆီကိုခပ်မြန်မြန်​လေးသွားပြီးလက်တို့​ပြောလိုက်ရသည် ။ မဟုတ်ရင်ထူး​အောင်နဲ့ရယ်ရယ်​မော​မောစကား​တွေ​ပြော
​နေသည့်​ကောင်မ​လေး၏ဘဝမ​တွေးဝံ့စရာပင် ။

"က​လေး နင်အ​နေအထိုင်ဆင်ခြင်စမ်းဟယ် ၊ နင့်ကိုကိုကလူသတ်
​တော့မယ်ဒီဇိုင်းနဲ့​အေ ၊ နင်​တော့မသိဘူးမားတော့ကြက်သီးထတယ်"

"ဟုတ်ကဲ့ပါ ၊ အခုကလည်းသားပြုတ်ကျမလိုဖြစ်လို့သူကထိန်း​ပေး
တာပါ ၊ သားက​ကျေးဇူးတင်​ကြောင်း​ပြော​နေတာပါ ၊ အစ်ကိုကဘာ​ပြောလို့လဲဟင်"

"ဘာမှ​တော့မ​ပြောဘူး ၊ အကြည့်နဲ့လူသတ်​နေတာဟို​ကောင်မ​လေးက​တော့​သေ​နေတာဘယ်နှစ်ခါရှိ​နေပြီလဲမသိဘူး"

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now