အပိုင်း - ၆👬

5K 410 11
                                    

Unicode👬

ထူး​အောင်​လေးကညဘက်​ရောက်​လေ​လေအဖျား​တွေပိုပိုတက်လာ
​လေသည် ။ ဒီ​ကောင်​လေးကိုပြုစုရသည်မှာလည်းအလွန်ခက်ခဲလှ
၏ ။ ရင်ခွင်ပိုက်က​လေးအရွယ်လည်းမဟုတ်​တော့​ခက်လှ၏ ။
ငိုလည်းငို​နေ၏ ။ ​ကောင်​လေးကအရမ်းလည်းအီ​နေ၏ ။

"ထူး​အောင် ကိုယ်​တွေလက်​တွေကိုက်ခဲ​နေတာလား"

"အစ်ကိုကျွန်​တော့်ကိုမထားခဲ့ပါဗျာ ၊ အစ်ကို့အနားမှာ​နေခွင့်ပြုပါ"

စကား​သံ​လေးသဲ့သဲ့ကြားလို့ ​ကောင်​လေးအနားသို့ကပ်ကာနား​ထောင်မိလိုက်သည် ။ ​ကောင်​လေးပါးစပ်ကတဖွဖွ​ပြော​နေတာက
သူ့ကိုမထားခဲ့ဖို့တဲ့လား ။ သူဒီ​ကောင်​လေးကိုဘယ်လိုလုပ်ရမည်
နည်း ။ တစ်ညလုံး​ရေစိုအဝတ်က​လေးကိုနဖူး​ပေါ်တင်ထား​ပေးလိုက် ၊ အဖျားတိုင်းလိုက် ၊ ​နွေး​နွေး​ထွေး​ထွေးဖြစ်​အောင်​စောင်​ကို​သေချာခြုံထား​ပေးလိုက်နဲ့အလုပ်ရှုပ်​နေ၏ ။

"ထူး​အောင် ​ဆေး​သောက်ဖို့အတွက်အစာစားရမယ်​လေ ၊ ထဦး"

ညသန်း​ခေါင်​သောက်ရသည့်​ဆေးပါ​နေသည့်အခါ ထူး​အောင်ကိုနှိုးရ
ပြန်သည် ။ ​ကောင်​လေးက​နေမ​ကောင်း​တော့အရမ်းကိုအီလွန်းသည် ။ ​ကောင်​လေးထိုင်နိုင်​အောင်ဆွဲထူ​ပေးပြီးဆန်ပြုတ်ပူပူ​လေး
တစ်ခွက်ယူလာ​ပေးသည် ။

"ကျွန်​တော်မစားချင်ဘူး"

"အစာမရှိဘဲနဲ့​သောက်လို့မရဘူးလို့ဆရာဝန်​ပြောလိုက်တယ်​လေ ၊ နည်းနည်း​လေး​တော့စားလိုက်ပါကွာ"

"ကျွန်​တော်အန်လိမ့်မယ်"

"မင်းကိုယ့်အနားမှာ​နေချင်တယ်မလား ၊ အဲ့တာဆို​နေမြန်မြန်​ကောင်း​အောင်အစာစားပြီး​ဆေး​သောက်ရမယ်"

သူဒီလို​ပြောလိုက်သည့်အခါ ​ကောင်​လေးကပါးစပ်က​လေးဟလာ
သည် ။ ဒါမျိုးကျ​တော့ချက်ချင်းကိုလက်ခံတယ် ။ ပန်းကန်တစ်ဝက်​လောက်ကုန်​အောင်​သောက်ပြီး​တော့​​ကောင်​လေး​ခေါင်းခါလာ၏ ။

"အင်းပါ ဒါဆို​ဆေး​သောက်ရ​အောင်​"

​ဆေး​တွေလက်ထဲထည့်​ပေးလိုက်ပြီး​ရေတစ်ခွက်လှမ်း​ပေးလိုက်သည်။
​ကောင်​လေးက​ဆေး​သောက်ပြီးမျက်နှာ​လေးရှုံ့မဲ့လာ၏ ။

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now