Unicode👬
မနက်ခင်းလေးက လေစိမ်းတွေတိုက်နေတော့ အင်္ကျီမပါတဲ့ခန္ဓာကိုယ်လေးကအေးလိုက်တာ ။ ကျောထဲကနေစိမ့်စိမ့် ပြီးချမ်းသွားတာ ။ ဒါပေမဲ့ ရုတ်တရက်ကြီးနွေးသွားတယ် ။ သူ့ကိုတစ်ယောက်ယောက်ကအနွေးဓာတ်ပေးနေတယ် ။ ဘယ်သူလဲဆိုတာသူမျက်လုံးဖွင့်မကြည့်ဘဲနဲ့လည်းသိတယ် ။ သူသိနေတယ် ။ သူချစ်ရတဲ့အစ်ကိုဆိုတာသူသိနေတယ် ။ အစ်ကိုကပဲသူ့ကိုအနွေးဓာတ်ပေးနိုင်တဲ့တစ်ယောက်သောသူဖြစ်တယ် ။
"နိုးနေပြီလား ....."
"အင်း ....."
"ကိုယ်တို့ဒီနေ့ကျောင်းမသွားဘဲနေကြမလား ....."
"အင်း အစ်ကို့သဘောလေ ......"
"ကိုယ့်ကိုကြည့်ပါဦးအထူးလေးရဲ့ ......"
သူ့ကိုကျောပေးထားသည့်ကောင်လေး၏ခန္ဓာကိုယ်ကိုသူ့ဘက်ကိုလှည့်လိုက်သည် ။ ကောင်လေးမျက်နှာသိပ်မကောင်း ။ ကောင်လေးရဲ့မျက်နှာလေးကိုသူ့လက်တစ်ဖက်နဲ့အုပ်ကိုင်လိုက်ပြီး နဖူးလေးကိုနမ်းလိုက်သည် ။
"ပြုံးပြပါဦးကွာ ....."
"အစ်ကိုနဲ့မခွဲချင်ဘူး ....."
"ဒီလိုနဲ့စိတ္တဇတွေဖြစ်ကုန်တော့မှာပဲကွာ ၊ ပေါက်စလေးကို ကိုယ်သေသွားရင်တောင်ခေါ်သွားမှာမို့လို့စိတ်ညစ်စရာတွေကိုမတွေးပါနဲ့တော့ကွာ နော် ....."
"မေမေသဘောကျလာအောင်ကျွန်တော်ကြိုးစားမယ်လေ နော် ၊ နိုင်ငံခြားကိုတော့မသွားပါနဲ့အစ်ကိုရယ် ......"
"ကိုယ့်ကိုသေချာဆွဲထားတာပါလား ၊ ဇာတ်ကားတွေထဲမှာဆို လွှတ်ပေးကြတာလေ ......"
"ကျွန်တော်ကမင်းသားမဟုတ်သလို အစ်ကိုလည်းမင်းသားမဟုတ်ဘူး ၊ အဲ့တော့သရုပ်ဆောင်နေတာမဟုတ်လို့ လွှတ်ပေးစရာလည်းမလိုဘူး ၊ ကျွန်တော်ကတော့ရအောင်ဆွဲထားမှာပဲ ......"
"မင်းဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲကွာ ......."
"အစ်ကို့ကောင်လေးမို့လို့လေ ခစ်ခစ် ...... အရမ်းသဘောကျတာပဲ ....."
"ဒါဆိုအစ်ကိုတို့အတူတူကြိုးစားကြတာပေါ့"
"ရပါတယ် ၊ ဘာတွေပဲဖြစ်နေဖြစ်နေအစ်ကိုဘေးနားမှာရှိနေရင်ဘာမဆိုလုပ်နိုင်တယ် ၊ အဲ့တာကြောင့် မေမေ့ဆီကခွင့် ပြုချက်ကိုရအောင်ယူမယ် ....."
YOU ARE READING
သူနဲ့ကျွန်တော်(Season - 2)