Unicode👬
တစ်ဖက်သတ်ကြိုက်တယ်ဆိုတာမလွယ်ဘူးဗျ ။ ကိုယ့်ဘက်ကချစ်နေရတာဆိုတော့ နာကျင်နေရတာကများတယ် ။ ပျော်ရတာထက် နာကျင်မှုတွေကပြည့်နှက်နေတယ် ။ ကျွန်တော်ချစ်ရတဲ့သူက မိန်းကလေးတွေရဲ့အသည်းစွဲဆိုတော့ပိုဆိုးတယ် ။ သူကိုယ်တိုင်ကလည်းရှုပ်တယ် ။ ရုပ်ရည် ၊ ပိုက်ဆံ ၊ ချမ်းသာကြွယ်ဝမှုတွေနဲ့ပြည့်စုံနေတဲ့လူတစ်ယောက်ဆိုတော့ပိုလို့တောင်ဆိုးသေးတယ် ။ ပြီးတော့ ကျွန်တော်ကယောကျ်ားလေးတစ်ယောက်ဖြစ်နေတယ် ။ မိန်းမလှလေးတွေလိုတော့ဘယ်လိုလုပ်ချစ်ဖို့ကောင်းနေ ၊ ချောနေနိုင်မှာလဲ ။ မိန်းကလေးတွေအများကြီးတွဲနေတဲ့လူတစ်ယောက်ကို ကိုယ့်ဘက်ပါအောင်ဆွဲနိုင်ဖို့ဆိုတာအရမ်းကိုခက်ခဲလှတယ် ။ နောက်တစ်ပတ်ထဲမှာကျွန်တော့်မွေးနေ့ရှိတယ် ။ အစ်ကို့ကိုအိမ်မှာထမင်းဖိတ်ကျွေးချင်တယ် ။ အစ်ကိုကလက်ခံပါ့မလား ။ အစ်ကို့ဖုန်းနံပါတ်ကိုထိုင်ကြည့်နေတာနာရီပေါင်းများစွာကြာနေပြီ ။ အစ်ကို့ကိုဖိတ်ကျွေးတယ်ပြောရအောင်လည်းကျွန်တော်ဘာမှမလုပ်တတ်ဘူး ။
ကျွန်တော် ကောင်းကင်ကိုဆရာတင်ရတော့မယ်ထင်ပါတယ် ။ ဒီနေ့ကတည်းကစသင်မှရမယ်ဖြစ်မယ် ။ အစ်ကို့ကိုနောက်မှဖိတ်ပြီး
အခုလောလောဆယ် ကောင်းကင်ကိုအပူကပ်ရမယ် ။"ကောင်းကင်!"
ခုံပေါ်မှောက်ပြီးအိပ်ပျော်နေတဲ့ကောင်းကင်ကိုတမင်နှောက်ယှက်တာတော့မဟုတ်ပါဘူး ။ တကယ်အကူအညီလိုအပ်နေလို့ပါ ။ ကောင်းကင်နားလည်ပေးနိုင်မာပါ ။
"ကောင်းကင်!"
အရမ်းအိပ်မောကျနေလို့နောက်တစ်ခါထပ်ခေါ်ရတယ် ။ နှစ်ခေါက်လောက်ခေါ်တော့ သူ့ဘေးနားကသူရိန်ကစိုက်ကြည့်လာပြီ ။ ကြက်သီးတော့ထမိပေမဲ့ ကိုယ့်အတွက်အရေးကြီးနေတော့ အကြည့်ခံပြီးဆက်နှိုးရမှာပဲ ။
"ကောင်းကင်! ထပါဦးကွာ ၊ ငါမင်းကိုအကူအညီတောင်းစရာလေးရှိလို့ပါ"
လူကိုလှုပ်နှိုးလိုက်မှပဲသူနိုးတော့တယ် ။ အိပ်ချင်မူးတူးနဲ့ထလာတဲ့ရုပ်က သူရိန်မပြောနဲ့ ကျွန်တော်တောင်ငုံထားပစ်လိုက်ချင်မိတယ် ။ တကယ်တမ်းတော့ ကောင်းကင်ကချစ်ဖို့ကောင်းပါတယ် ။
YOU ARE READING
သူနဲ့ကျွန်တော်(Season - 2)