အပိုင်း - ၁၇👬

3.1K 314 10
                                    

Unicode👬

စည်သူတစ်ယောက်ကုတင်ပေါ်မှာခြေထောက်ချထိုင်နေရင်းသူ့အရှေ့တွင်မတ်တပ်ရပ်နေသည့်ထူးအောက်၏ခါးကိုလက်နှစ်ဖက်ဖြင့်တင်းကြပ်စွာဖက်ထားပြီးဗိုက်ပေါ်တွင်မျက်နှာအပ်ထားသည်။အကြောင်းကတော့သူ့ပေါက်စလေးအိမ်ပြန်တော့မှာမို့လို့ဖြစ်သည်။

"အစ်ကို ကျွန်တော့်ကိုမလွှတ်တော့ဘူးလား"

"မလွှတ်တော့ဘူးကွာ ၊ ချစ်သူများနေ့လေးအထိနေပါဆိုတာကိုကွာ"

"ကျွန်တော့်မိဘတွေပြန်လာတော့မယ်လေအစ်ကိုရဲ့"

"မသိဘူးကွာ ၊ မင်းပြန်တော့မယ်ဆိုတော့တစ်မျိုးကြီးပဲ ၊ ကိုယ်ကဘွဲ့ရပြီးသွားတော့အရင်လိုကျောင်းမှာလည်းနေ့တိုင်း တွေ့လို့မရတော့ဘူး"

"အစ်ကိုကတစ်ခါတစ်လေကျတော့လည်းကလေးလေးကျနေတာပဲ"

"မသိဘူးကွာ ၊ မသွားနဲ့"

နှစ်ယောက်သားစကားပြောနေစဥ်တံခါး‌ခေါက်သံကြောင့်ခါးကိုဖက်ထားတာကိုစည်သူလွှတ်ပေးလိုက်ရသည်။အခန်းထဲကိုဝင်လာသူကမေမေဖြစ်နေသည်။

"ဒီနေ့အိမ်ပြန်ဖြစ်ဦးမှာလားရှင် ၊ ခဏနေရင်ဆင်းလာခဲ့မယ်ဆိုတဲ့နှစ်ယောက်ကအခုထက်ထိဆင်းမလာလို့ ကျွန်မတက်လာတာပါရှင်"

"လာပြီအန်တီ"

စည်သူရဲ့ဆူပုတ်နေတဲ့မျက်နှာကိုသူမမြင်လိုက်သည်။မသိရင်ပဲအကြာကြီးခွဲခွာရမယ့်သူတွေကျနေရောပဲ။

"စည်သူ ငါလုပ်တော့မယ်နော် ၊ ပြန်မယ့်သူကိုစိတ်မဖြောင့်အောင်လုပ်နေတယ်"

"မေမေကလည်း အဲ့လိုတော့မဟုတ်ဘူးလေ"

"ဆင်းလာခဲ့ကြတော့ ၊ နင်တို့ဦးလေးတစ်ယောက်လည်းဘာတွေဖြစ်နေမှန်းမသိဘူး ၊ တစ်ယောက်တည်းပျာယာတွေကိုခတ်နေတာပဲ ၊ မျက်စိတောင်နောက်လာပြီ"

သော်ဇေတစ်ယောက်ထိုင်လိုက်ထလိုက်နဲ့နေရာမရဖြစ်နေသည်။သူ့အိတ်ကိုဖွင့်ကြည့်လိုက်ပြီလား။ဖွင့်ကြည့်လိုက်ရင်တော့သွားပြီ။အရှက်တွေကွဲပြီ။သူဘယ်လိုလုပ်ရမလဲ။သူသိတာဆိုလို့အဲ့လူမျက်နှာပဲရှိတာ။အခုအဲ့လူမျက်နှာတောင်မေ့တောင်မေ့ချင်နေပြီ။သူအတွေးပေါင်းမြောက်များစွာဖြင့်ထိုင်စဥ်ဖုန်းနံပါတ်တစ်ခုဖုန်းဝင်လာသည်။

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now