Unicode
ထူးအောင်တစ်ယောက် စည်သူ၏ရုံးခန်းတွင် အတင်းလိုက်ရှုပ်နေသည်။ကျောင်းကိုအမြဲလာနေကျစည်သူကဒီနေ့တော့အစည်းအဝေးတစ်ခုရှိနေလို့မလာနိုင်ခဲ့။ချစ်သူများနေ့လည်းဖြစ်နေတော့ထူးအောင်လေးကစည်သူ့အနောက်ကိုလိုက်လာသည်။
"ကိုကို ထူးထူးလေးကိုဘာပေးမှာလဲ"
သာမန်အတိုင်းပြောရင်စည်သူလက်ခံနိုင်ပေမဲ့ ထူးထူးလေးလို့ပြောတာကိုစည်သူလုံးဝမကြိုက်။သို့ပေမဲ့လည်းထူးအောင်ပျော်နေတော့သူမကြိုက်တာတွေဘာတွေလည်းပြောမနေတော့ပါဘူး။
"ဘာမှမပေးဘူး"
ထူးအောင် နည်းနည်းနင်သွားသည်။
"ကျွန်တော်ကတော့ အစ်ကို့အတွက်ဝယ်ထားတယ်"
"ဘာတွေဝယ်ထားပြန်ပြီလဲ လျှာကိုရှည်တယ်"
"အစ်ကိုကလည်းဗျာ အဲ့လိုကြီးတော့မပြောပါနဲ့ ကျွန်တော်ကလက်ဆောင်ပေးချင်လို့ပါ"
"ပေး ဘာပေးမှာလဲ"
"ဟပ်ချလောင်း အကို့အတွက် ပိုက်ဆံအိတ်လေး ၊ အစ်ကို့ပိုက်ဆံအိတ်က ဟောင်းနေပြီလေ ၊ အဲ့တာကြောင့် လက်ဆောင်ပေးတာ"
"ကျေးဇူးပါဗျာ"
"အစ်ကိုကကျွန်တော့်ကိုမချစ်တော့ဘူးလားဟင်"
အနောက်ကနေသိုင်းဖက်ထားတဲ့ထူးအောင်ကို အရှေ့ကိုဆွဲခေါ်လိုက်ပြီး စားပွဲပေါ်ပွေ့တင်လိုက်သည်။
"ချစ်တာပေါ့ ဘာလို့မချစ်ရမှာလဲ"
"မသိဘူးလေ အခုတစ်လော အစ်ကိုကအေးတိအေးစက်နဲ့"
"ကိုယ်အလုပ်တွေနည်းနည်းရှုပ်နေလို့ပါ မင်းလေးကိုချစ်တာပေါ့ ......အခု ကိုယ်ပေးရမယ့်အလှည့်ပေါ့နော်"
"ဟာ အစ်ကိုခုဏကပြောတော့ မပေးဘူးဆို"
"မပေးစရာလား ကိုယ့်မှာပေးစရာဒီတစ်ယောက်ပဲရှိတာကို ၊ ရော့ ဖွင့်ကြည့်"
"ဟီးဟီးဘာလေးလဲ"
ပေါက်စလေးအနက်ရောင်ဘူးလေးကိုဖွင့်ကြည့်လိုက်သည့်အခါ အံ့သြလွန်းလို့ပါးစပ်ပိတ်ဖို့ပင်မေ့နေမိသည်။
YOU ARE READING
သူနဲ့ကျွန်တော်(Season - 2)