အပိုင်း - ၁၄👬

3K 355 14
                                    

Unicode 👬

အိမ်မှာထူးအောင်နဲ့စည်သူမရှိတဲ့အချိန်ဆိုမေမေ့ကိုအချိန်ပိုင်းသူနာပြုငှားပေးထားသည် ။ စည်သူကရုံးကိုအရင်မသွားခင်ထူးအောင်ကိုကျောင်းအရင်ပို့ပေးသည် ။

"Mwah Mwah Mwah Mwah ......"

အဆောင်ရှေ့မှာကားရပ်ထားပြီးသူ့ရဲ့‌ပေါက်စလေးကိုမခွဲနိုင်မခွာနိုင်အဆက်မပြတ်နမ်းနေလေသည် ။ ကြာလာတော့ပေါက်စလေးအသက်ရှူကြပ်လာပြီးသူ့ကိုတွန်းထုတ်လာသည် ။ သူခဏလွှတ်ပေးလိုက်ပြီးပြန်နမ်းဖို့လုပ်သည့်အခါ .....

"အစ်ကို တော်တော့လေ ၊ ကျွန်တော့်နှုတ်ခမ်းတွေယောင်ကိုင်းကုန်တော့မှာပဲ"

"ချစ်လို့ပါပေါက်စလေးရယ်"

"ဟီးဟီး ကျွန်တော်လည်းချစ်တယ် ၊ ဒါပေမဲ့ ကျွန်တော်သွားရမယ်လေ ‌၊ Tutorialဖြေရမှာဆိုတော့နောက်ကျလို့မဖြစ်ဘူး ၊ ဆရာကမှတ်ချက်ရေးတယ်"

"အင်းပါ ကိုယ်၁၁လောက်မှရောက်မယ်နော် ၊ ကိုယ်ရောက်ပြီဆိုစာပို့လိုက်မယ်"

"အွန်း ကျွန်တော်သွားပြီနော် Mwah"

ထူးအောင်အခန်းထဲရောက်‌သည့်အခါ သူရိန်နဲ့ကောင်းကင်တောင်မရောက်သေးပါ ။ သို့ပေမဲ့ သူထိုင်တဲ့နေရာမှာနွားနို့ဗူးလေးတစ်ဘူးတင်ထားတာတွေ့သည် ။ ဗူးပေါ်မှာလည်းစာတစ်စောင်ကပ်ထားသည် ။

Oppa Fighting ! အမြဲတမ်းoppaရဲ့အနောက်မှာရှိနေပါ့မယ် Saranghae

ထူးအောင်ကြက်သီးထသွားပြီးအနောက်ကိုလှည့်ကြည့်လိုက်ပါသေးသည် ။ ဘယ်သူမှတော့ရှိမနေပါ ။ ဒီစာကိုသာအစ်ကို‌တွေ့သွားရင်သူသေမှာ ။ ဘယ်သူမှန်းတော့သူမသိပေမဲ့ အားတော့နာတယ် ။ လွှတ်ပစ်ရမှာပဲ ။ သူလုံးချေပစ်လိုက်ပြီးအမှိုက်ပုံးထဲကိုထည့်လိုက်သည် ။ နွားနို့ဗူးကိုတော့လွယ်အိတ်ထဲထည့်လိုက်ပြီး နားကြပ်တပ်ကာသီချင်းနားထောင်နေလိုက်သည် ။

"ရတယ် အဆင်ပြေပါတယ် ၊ ကိုသူရရေ နောက်အစည်းအဝေးတစ်ခုကိုအချိန်ရွှေ့ပေးပါနော် ကျွန်တော်ကျောင်းသွားရဦးမှာမို့လို့ပါ"

"ဟုတ်ကဲ့ ကျွန်တော်စီစဉ်လိုက်ပါ့မယ်"

လုပ်ငန်းစဉ်တွေကိုလည်းသေချာလေ့လာရင်း အသစ်အသစ်တွေကိုလည်းသင်ယူရင်းကုမ္ပဏီတစ်ခုကိုအုပ်ချုပ်ရတာမလွယ်လှပါ ။ မေမေမြန်မြန်ပြန်နေကောင်းလာဖို့ကိုပဲသူဆုတောင်းနေမိသည် ။

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now