Part (1)

15.5K 370 10
                                        

မကို ချစ်လို့

🌸pann

Part ( 1 )

"...သွားပါကွာ...ငါ့ဘဝမှာ မိန်းကလေး ဆိုတာ...အသုံးအဆောင် ပစ္စည်း တစ်ခုလိုပဲ...ဘာမှ ခံစားချက် ထားမနေဘူး...တစ်ခုမကောင်း..
တစ်ခု ဂျောင်းပဲ..."

"...ငါ့ကို ကြွေအောင် ငါက တမင် လုပ်နေတာ မဟုတ်ဘူး...သူတို့ ဘာသာ ဒီကောင့်ကိုမှ ပစ်ကြွေနေတာတော့ မတတ်နိုင်ဘူး..."

"....ဟားဟား..."

နှင်းပွင့်အိမ် ဓာတ်လှေကား စီးရင်း...စကားသံ ကြားတော့ ထို ကောင်လေး က ဖုန်းပြောနေလေရဲ့...
ဘာကိုမှ ဂရုမစိုက် သည့်ပုံစံ~~~

"...ဟွန့်...လာလာချည်သေး...နှင်းပွင့် တို့နဲ့ တွေ့ပြီလေ..."

ဟိဏ်းသစ် ဖုန်းပြောရင်း....ဓာတ်လှေကား မှ ဆင်းသွားတော့...နှင်းပွင့်အိမ် လည်း လိုက်ဆင်း လိုက်သည်...။

"...ကို...နောက်ကျလိုက်တာကွာ...ဇွန်ပွင့် စောင့်နေတာဖြင့် ကြာလှပြီ..."

"...ကို..."

"...မောင်..."

ဟိဏ်းသစ် ကို ကြည့်ပြီး...ဗိုက်ကြီးသည် တစ်ယောက်က 'မောင်' လို့ ခေါ်နေတော့...ဟိဏ်းသစ် ဘေးပတ်ဝန်းကျင် ကို လျှောက်ပတ် ကြည့်နေတော့~~~

"...မောင်...မောင့်ကို ခေါ်နေတာလေ...ဘယ်တွေ လျှောက်ပတ် ကြည့်နေတာလဲ..."

ဟိဏ်းသစ် ကိုယ့်ကိုယ်ကို လက်ညိုးပြန်ထိုးပြ
ကာ...

"...ကျွန်တော့် ကို ပြောနေတာလား..."

"...မောင်ကလည်း အခုမှ သူစိမ်း ဆန်နေလိုက်တာ...ဒီဗိုက်တောင် ထွက်လာနေပြီ ပဲကို..သူစိမ်းဆန်တဲ့ စကားတွေ မပြောပါနဲ့...."

"..ဗျာ.."

ဟိဏ်းသစ် မျက်လုံး ပြူ းရပြီ...။

တစ်ခါမှ မတွေ့မမြင်ဖူးသည့် အပြင်...ဗိုက်ကြီးသည် က ဘယ်သူနဲ့ ကမြင်းပြီး ရလာတဲ့ ဗိုက်မှန်း မသိတဲ့ ကိစ္စ ကို...အခု ကိုယ် နဲ့ ရတဲ့ ဗိုက်တဲ့လေ...

"...ကို...ဘာတွေလဲ ဒီ ဗိုက်ကြီး မ က ဘယ်ကလဲ...ကို နဲ့ သိနေတာလား..ဘယ်တုန်းက သိနေတာလဲ..."

"...မောင်...ဘယ်သူလဲ သူက ... မောင့်ကို ပိုင်စိုးပိုင်နင်း 'ကို' တွေ ဘာတွေနဲ့...သူက ဘာလို့ အဲ့လို ခေါ်နေရတာလဲ..."

မကို ချစ်လို့ ( Unicode) Where stories live. Discover now