မကို ချစ်လို့
🌸pann
Part ( 7 )
"...သမီးရေ..."
ဒေါ်သီတာ နှင်းပွင့်အိမ် အခန်းထဲသို့ တံခါးဖွင့် ဝင်လာသည်...။
"...အမလေး...မင်း ဘယ်သူလဲ ဘယ်တုန်းက ငါ့ သမီး အခန်းထဲ ရောက်နေတာလဲ...နှင်းပွင့် မိနှင်းပွင့်... နင့်ကို ငါ လိမ်မာတယ်...လိမ်မာတယ်နဲ့ အခုတော့ နင်က ယောင်းမ မြင်းစီး ထွက်ပြီပေါ့...ဟမ်..."
သမီး ဖြစ်သူ အိပ်ခန်းထဲက...နောက်ကျော ပေး
ပြီး...မှန်တင်ခုံ ရှေ့ထိုင်နေသော ကောင်တစ်ယောက် ကြောင့် ဒေါ်သီတာ ထိတ်လန့်နေရသည်...။
"...အမေ ကလည်း...ဘာတွေ ပြောနေတာလဲ...သမီး အခန်းမှာ ဘယ်သူရှိလို့လဲ..."
မှန်တင်ခုံ မှာ ထိုင်နေသော ကောင်လေး ပုံစံ ဖမ်းထား တဲ့ သမီး ကို ဒေါ်သီတာ တွေ့ရပြီလေ...။
"...ဒါ..ညည်း က ဘာပုံစံ ဖြစ်နေတာလဲ..."
"...boy ပုံစံ လေ...မာမီရာ..."
"...ငါ လုပ်လိုက်ရ သေတော့မယ်...ဒါက ဘယ်လို ဖြစ်နေတာလဲ လို့..."
"...ဒီနေ့ ကောင်လေး ပုံစံ နဲ့ ဘဝ သစ် ရှာ မလို့..."
"...ညည်း နဲ့တော့လေ...ငါ ဘာစိတ်ကူး နဲ့များ ညည်း ကို ကိုယ်ဝန် ဆောင် ခဲ့မိလဲ...မသိ...ဒီလို အရူး လို သမီး မျိုး ကို ငါ ရ ထားတာ ကိုက..."
"...ကံကောင်းတယ် မှတ်ပါ...အမေရဲ့...သမီး လို သမီး ရတော့...အမေ လည်း တစ်ဘဝ ထဲနဲ့ကို သားသမီး မျိုးစုံ ကို ရနေတာလေ...သူများ မိဘ တွေဆို...ဒီ သား ဒီ သမီး ပဲ...ရိုးအီနေမှာလေ...အခုတော့ အမေ က အဲ့လို မဟုတ်ဘူး...သမီး ကို ကျေးဇူး တင်ပါ...မေရယ်..."
"...ဟုတ်ကဲ့ရှင့်...အရမ်း ကို ကျေးဇူး တင်ပါတယ်..."
"...ရပါတယ် ကွယ်..."
"...ငါလုပ်လိုက်ရ..."
"...ခ်ခ်...အမေကလည်း စတာကို..."
"...ဘယ်သွားမလို့လဲ..."
"...ဦးတည်ချက် မရှိ..."
"...စောစော ပြန်လာဦး..."
"...ဟုတ်...သွားတော့မယ်...မေ..."
"....မနက်စာ မစားတော့ဘူး လား..."
"...ဟုတ်...မစားတော့ဘူး...တစ်နေရာမှာ ဝင် စားလိုက်မယ်..."
ВЫ ЧИТАЕТЕ
မကို ချစ်လို့ ( Unicode)
Любовные романыမိန်းကလေး ဆိုတာ.. အသုံးအဆောင် ပစ္စည်း တစ်ခု..ပါလို့ သတ်မှတ်ထားတဲ့ မောင်.. မကိုရော အသုံးအဆောင် ပစ္စည်း လို့ သတ်မှတ်ထားလေမလား.. မ စိုးရိမ်နေမိတယ် မောင်.. မ အသည်းကွဲမှာ ကြောက်နေမိတယ် မောင်ရယ်.. နှင်းပွင့်အိမ်... မ..မရဲ့အချစ်စစ် အချစ်မှန် ကို မောင် ဘယ်ခ...
