Part (2)

7.8K 273 2
                                        

မကို ချစ်လို့

🌸pann

Part ( 2 )

"...သမီး ဘယ်သွားမလို့လဲ...ဒါတွေက ဘာတွေလဲ..."

"..ဒီနေ့ စနေနေ့ လေ...သမီး ကုန်ကြမ်း ထွက်ရှာတဲ့ နေ့ .."

ပြောရင်း ပြေးထွက်သွားတဲ့ သမီးကို...

"...ဟဲ့ ဘယ်သွားမှာလဲ သေချာ ပြောသွားဦးလေ..."

"...မသိသေးဘူး မေရေ့ .... သူတောင်းစား ဆိုတော့ နေရာ အတည်တကျ မရှိဘူးလေ...သွားပြီ..."

"...ဟဲ့..."

အော်ပြောနေလည်း မထူး...
သမီး ဖြစ်သူက ပြေးထွက်သွားပြီ....။

အလုပ်အတည်တကျ ရရင်...တည်ငြိမ် မယ် ထင်ခဲ့ပေမယ့်....

အလှကုန် ဆိုင် မန်နေဂျာ တစ်ယောက် ဖြစ်ပေမယ့်လည်း စနေ နေ့ တစ်ရက် အလုပ်နား ကာ...ဘဝ မျိုးစုံ ကို သိဖို့ အတွက်...ဝတ္ထု ကုန်ကြမ်း အတွက် ဆိုပြီး ထွက် ထွက် နေတဲ့...သမီး...

"...ဒီ သမီး နဲ့တော့ ခက်ပါတယ်..."

.

အမလေး....

နှင်းပွင့်အိမ် လမ်းတစ်ဖက် ကူးဖို့...ခြေလှမ်း အစ ပြု နေချိန်...လမ်း အကွေ့မှာ ချိုး ကွေ့မောင်းလာတဲ့ ကား တစ်စီး နှင့် တိုက်မိမလို ဖြစ်တော့...နှင်းပွင့်အိမ် လန့်ပြီး...ထိုင်ချပစ်လိုက်သည်...။

"...ဟာ..ဘာဖြစ်သွားပြီ လဲ မသိဘူး...."

"...ဆင်းကြည့်လိုက်ဦးမယ်..."

"...အေး..."

ဟိဏ်းသစ် ကားပေါ်မှ ဆင်းတော့...

"...အမလေး နာတာ...တော်ပါသေးရဲ့..."

နှင်းပွင့်အိမ် ခြေထောက် လေး ပွတ်ကာ...ကား ပေါ်မှ ဆင်းလာသူကို ကြည့်မိတော့..

ဟယ်...မောင်...

အယ်...မှားလို့...

တွေ့ပြန်ပြီ...ဟေ ဟေ့ ကုန်ကြမ်း ကုန်ကြမ်း...

နှင်းပွင့်အိမ် ဟိဏ်းသစ် ကို ကြည့်ပြီး စိတ်ထဲ ပြောကာ ကြိတ်ရယ်နေသည်...။

"...ဘယ်နား ထိသွားလဲ ဗျ..."

အယ်လဲ့...လူ ယဉ်ကျေး လေးလား...အာ့ဆို ပွဲ က မကြည့်ကောင်းဘူးလေ...။

မကို ချစ်လို့ ( Unicode) Nơi câu chuyện tồn tại. Hãy khám phá bây giờ