Part (21)

4.7K 160 0
                                        

မကို ချစ်လို့

🌸pann

Part ( 21 )

နှင်းပွင့်အိမ် ရုံးခန်း ထဲ ပြန်ဝင်ကာ....ထိုင်ခုံ မှာ ခြေပစ်လက်ပစ် ထိုင်ချပစ်လိုက်သည်....

မောင်...စိတ်ဆိုးသွားပြီ လား~~~

ကိုယ်နဲ့ ခင်မင်ရင်းနှီးရုံသလောက်သာ...သိနေကြတဲ့ တိမ်တိုက်နှင့် နှင်းပွင့်~~~

တစ်ယောက်နဲ့တစ်ယောက် ပုတ်ခတ်ပြီး စကား ပြောလောက်တဲ့ထိ ရင်းနှီးနေကြတဲ့...သူ တွေလည်း မဟုတ်~~~

သူ့အကြောင်း ကိုယ့်အကြောင်း ကို...အပြန်အလှန် ပြောပြနေတဲ့ ဆက်ဆံ ရေးလည်း မဟုတ်~~~

သူ့အခက်အခဲ ကိုယ့် အခက်အခဲ...ဆွေးနွေးတိုင်ပင် ပြောဆိုနေရလောက်တဲ့ထိလည်း...တစ်ခါမှ ပြောဆို ဆက်ဆံ ကြဖူးတာလည်းမဟုတ်~~

ဒါကို...အထင်လွဲ ခံရတော့...နှင်းပွင့်ကများ...အနေအထိုင် မတတ်ခဲ့လိုများလား~~~

မောင်...အထင်လွဲ လောက်ရတဲ့ထိ...မ...ပုံစံ က ဘာများ ဖြစ်နေခဲ့လို့များလဲ~~~

အနေအထိုင် က အထင်လွဲ စရာများ...ဖြစ်ခဲ့လို့လား~~

မကို...မယုံကြည်လို့လား~~~~

မက...လွယ်တဲ့ မိန်းကလေး လို့ ထင်နေတာလား~~~

မက...မောင်တွဲခဲ့တဲ့ မိန်းကလေး တွေနဲ့တော့...မတူပါဘူး မောင်ရယ်~~~

ကိုတိမ်တိုက် ဆိုရင်လည်း...အားနားစရာ...

တစ်ယောက်နဲ့တစ်ယောက် က...အလုပ်ကနေ သိတဲ့ အလုပ် ပါတနာ လောက်ပါ~~~

ဘယ်သူမှ အဆင့်မပို ခဲ့ကြဖူး~~~

တိမ်တိုက် ဘက်...ကြည့်ပြန်တော့လည်း ဘလိုင်းကြီး ပြောခံရတော့ သူ့ဘက်လည်း မှန်ပါတယ်~~~

ငါလည်း...မောင် ရှိနေသေးရင်...အခုချိန် ဘာဆက်ဖြစ်မလဲ မတွေးတတ်တော့~~~

ရန်ပွဲ များ ဖြစ်နေမလား~~~

ငါ...ပြန်ခိုင်းလိုက်တာ...မှန်ပါတယ် လေ~~~

ဒါဆို မောင်...မှားတာလား~~~

ဟင့်အင်း မောင်မှားတာလည်း...မဟုတ်ပြန်ဘူး~~~

မကို ချစ်လို့ ( Unicode) Donde viven las historias. Descúbrelo ahora