မကို ချစ်လို့
🌸pann
Part (8)
📱📱{ အိဂျော့ ဂျီကာ ဖာရစော် ... ချဲ ပါး...နော် မော်ညီကာ...အူစော် စဝ်ကာ ဖာရစော်...အိုး fall in you...}
"...ဟဲလို.."
"...မ..."
"...မောင်...မ ဖုန်း ဘယ်လို သိလဲ..."
"...မ ပဲ မောင့်ကို မ အကြောင်း စုံစမ်း ခိုင်းထားပြီးတော့..."
"...အော်...ခ်ခ်...ဟုတ်သား...မောင် မအိပ်သေးဘူးလား..."
"...ဟင့်အင်း...မ ကို လွမ်းလို့..."
"...ညနေ ကတောင် တွေ့ထားသေးတယ်လေ..."
"...မောင်က မ ကို အမြဲ တွေ့ချင်နေတာကိုး..."
"....မောင် ... တော်ကီ ကတော့ ကောင်းသား....အာ့ကြောင့် မိန်းကလေး တွေကြား ရေပန်းစား နေတာ နေမှာ..."
"...သူများ တွေတော့ သတ်သတ် တော်ကီပါ...မ ကို တော့..မောင် တော်ကီ ကျွေးနေတာ မဟုတ်ဘူး...မောင့်ရင်ထဲ က တကယ့် အစစ်အမှန် ကို ပြန်ပြောပြတာ.."
"...တတ်တယ်..."
"...မ ကြောင့်လေ..."
"...ဘာဆိုင်လို့လဲ..."
"...မ ကို ချစ်လို့ ဒီလို အနု အရွ လေးတွေ...မောင့်ပါးစပ်က ထွက်ကျလာတာ..."
"...ခ်ခ်...ဟုတ်ပါပြီ...မောင်ရယ်...မ မပြောတော့ပါဘူး...အိပ်တော့လေ ညဉ့်နက် နေပြီ..."
"...မအိပ်သေးပါဘူး...မ နဲ့ စကား ပြောဦးမှာ..."
"...မ က ဘုရားရှိခိုး တော့မလို့..."
"...အွန်...ခိုးလေ..."
"...မောင်ရော ဘုရားရှိခိုး ပြီးပြီ လား..."
"...ကန်တော့ပြီးပြီ..."
"...ကန်တော့ရုံ ကန်တော့ တာ မလား..."
"...အွန်..."
"...မရဘူး...မောင်က ဗုဒ္ဓဘာသာ ဝင် မဟုတ်ဘူး လား.."
"...ဟုတ်တယ်လေ..."
"...အာ့ဆို သေချာလေး...ဘုရားရှိခိုး မှပေါ့...မောင်ရဲ့...ဘုရားရှိခိုး ပြီး အိပ်ရင်...မောင် အိပ်မက် ဆိုးတွေ မမက်ဘူး...စိတ်ထဲ အေးချမ်းသွားတယ်....ဘာမဆို အထိအခိုက် တွေ သိပ်မရှိဘူး...မောင်ရဲ့..."
KAMU SEDANG MEMBACA
မကို ချစ်လို့ ( Unicode)
Romansaမိန်းကလေး ဆိုတာ.. အသုံးအဆောင် ပစ္စည်း တစ်ခု..ပါလို့ သတ်မှတ်ထားတဲ့ မောင်.. မကိုရော အသုံးအဆောင် ပစ္စည်း လို့ သတ်မှတ်ထားလေမလား.. မ စိုးရိမ်နေမိတယ် မောင်.. မ အသည်းကွဲမှာ ကြောက်နေမိတယ် မောင်ရယ်.. နှင်းပွင့်အိမ်... မ..မရဲ့အချစ်စစ် အချစ်မှန် ကို မောင် ဘယ်ခ...
