မကို ချစ်လို့
🌸pann
Part ( 15 )
"...အား...ကျွတ်...ကျွတ်..ကျွတ်...အမလေး..."
နှင်းပွင့်အိမ် အိပ်ယာမှ ကမူးရှူ းထိုး ထကာ...ခေါင်းကို လက်ဖြင့် ဖိရင်း...ထလာတော့...မျက်စိ ရှေ့မှာ...ထိုင်နေတဲ့ ဟိဏ်းသစ် ကြောင့်...လန့်ရပြီ...
"...မ..ဘာဖြစ်လို့လဲ..."
"...မောင်...ဘယ်ကနေ ဘယ်လို..မ အခန်းထဲ ရောက်နေတာလဲ..."
"...မနက်အစောကြီး ထလာပြီး...အမေ့ကို ခွင့်တောင်းပြီး မ အခန်းထဲ ဝင်ထိုင်နေတာ..."
"...ဘာဖြစ်လို့လဲ..."
"...ညက မ ဘာဖြစ်တယ် ဆိုတာ မမှတ်မိဘူးလား..."
"...ဘာဖြစ်လို့လဲ..."
"...မ.."
"...အမလေး...လန့်လိုက်တာ မောင်ရယ်...ဖြေးဖြေး ပြောပါ..."
"...မ...မနေ့က ဘာလို့ မောင့်ကို ရှောင်နေတာလဲ...ပြီးတော့ ဘာလို့ သောက်ထားရတာလဲ...ဘာလို့ ဟိုကောင် မင်းသွေးသစ် နဲ့ အတူ သွားရတာလဲ...အဲ့ကောင်နဲ့ ဘယ်လိုသိတာလဲ...ဘယ်တုန်းက သိတာလဲ...အဲ့ကောင် မ ကို ဘာပြောသေးလဲ...သူနဲ့ က ဘယ်လို ပတ်သတ်နေတာလဲ...ပြီး.."
"...ဟိုး...မောင်...မေးခွန်း များလှချည်လား...မ ဘယ်ကစ ဖြေရမလဲ မသိတော့ဘူး...မ ခေါင်းတွေ ကိုက်နေသေးတာ...မောင့် မေးခွန်း တွေကြောင့် ခေါင်းပါ မူးလာသလိုပဲ..."
"...နေဦး...ဒီမှာ ပျားရည် နဲ့ သံပုရာ ရော ဖျော် ထားပေးပါတယ်...သောက်လိုက်..."
နှင်းပွင့်အိမ် ဟိဏ်းသစ် လှမ်းပေးသော...ခွက်ကို မော့ယူ သောက်လိုက်သည်...
"...ဟိုကောင် နဲ့ ဘယ်တုန်းက သိတာလဲ.."
"...မနေ့က..."
နှင်းပွင့်အိမ် သောက်လက်စ ကို ခဏ ရပ်ရင်း...ဟိဏ်းသစ် အမေး ကို ပြန်ဖြေ နေလိုက်သည်...
"...ဘယ်လို..."
ဟိဏ်းသစ် ခပ်ဆတ်ဆတ် အသံ ဖြင့်...ပြန်မေးလိုက်တော့...
"..မောင် ဒီနေ့ ဘယ်လို ဖြစ်နေတာလဲ..."
"...မနေ့က မှ သိတဲ့ ခွေးသူတောင်းစား နဲ့....မ က ဘာလို့ အတူ...ကျစ်..."
KAMU SEDANG MEMBACA
မကို ချစ်လို့ ( Unicode)
Romansaမိန်းကလေး ဆိုတာ.. အသုံးအဆောင် ပစ္စည်း တစ်ခု..ပါလို့ သတ်မှတ်ထားတဲ့ မောင်.. မကိုရော အသုံးအဆောင် ပစ္စည်း လို့ သတ်မှတ်ထားလေမလား.. မ စိုးရိမ်နေမိတယ် မောင်.. မ အသည်းကွဲမှာ ကြောက်နေမိတယ် မောင်ရယ်.. နှင်းပွင့်အိမ်... မ..မရဲ့အချစ်စစ် အချစ်မှန် ကို မောင် ဘယ်ခ...
