Part (23) final

12.2K 234 6
                                        

မကို ချစ်လို့

🌸ပန်းခြယ်ရီ

ဇာတ်သိမ်းပိုင်း

"...မောင်..."

"...ဒီနေ့ အစောကြီး ပြီးနေပါလား...."

"...ဘာစောလို့လဲ...8 နာရီ ထိုးတော့မယ်...အလုပ် နောက်ကျနေတာ ကို..."

"...မန်နေဂျာ ပဲ...နည်းနည်းလောက် နောက်ကျ လည်း ဘာဖြစ်လဲ...ဘယ်သူ နဲ့ ချိန်းထားလို့လဲ..."

"...အလုပ်မှာ ရာထူးကြီး ရာထူးသေး ခွဲပေးထားကြတယ် ဆိုတာက...ရာထူးကြီးပေးခံထားရတဲ့လူက လက်အောက်ငယ်သားတွေ ထပ် ပိုပြီး ကြိုးစားဖို့ ပိုပြီး အချိန် တိကျတတ်ဖို့...ရာထူး ကြီးလာလေ...ပိုပြီး တာဝန် ပိုပိလေ...တာဝန် ပိုယူရလေ...ပိုက်ဆံ ကျ သူများထပ် ပိုရပြီး သူများလုပ်သလောက် တောင် မလုပ်ရင်....တာဝန် မကျေဘူးလို့ ခံစားရတယ်...ပြီ..."

"...ဟိုး...တော်ပါတော့ မရယ်...တစ်ခွန်းလေး ပြောမိပါရဲ့ ပြောလို့ကို မဆုံးနိုင်ဘူး..."

"...ပြီးတော့ အလုပ်သွားမှာပါ...မောင် တစ်ယောက်လုံး ငုတ်တုတ်ကြီး ရှိနေတာကို...နောက်ထပ် ဘယ်ကောင်လေးနဲ့မှ မရှုပ်ပါဘူး....စိတ်လည်း မဝင်စားဘူး...စိတ်ကူးထဲလည်း မရှိဘူး...မောင် မရှိတော့ရင် တစ်မျိုးပေါ့..."

နှင်းပွင့်အိမ် စကားနာလေး ထိုးပြီး...တစ်ဖက်လှည့်နေလိုက်သည်...

ဟိဏ်းသစ် လည်း...ဘေးလှည့်နေတဲ့ နှင်းပွင့်အိမ် ကို မျက်လုံး ပေါက်ထွက်မတတ် ကြည့်ကာ..

"...မောင် မရှိတော့ရင်..မက...နောက်အသစ် ထားမယ် ဆိုတဲ့ သဘောလား..."

"...ဒါပေါ့...မောင်ရဲ့..."

နှင်းပွင့်အိမ် ...မျက်နှာကို ဟိဏ်းသစ် နှင့် မျက်နှာချင်းဆိုင် အနေအထား ကို ပြောင်းပြီး...ခပ်တည်တည်နဲ့ စကား ပြောလိုက်တော့...

ဟိဏ်းသစ် မျက်နှာ စူပုတ် လာပြီ...

"...အာ့...ဘာဖြစ်နေတာလဲ...မောင်...မျက်နှာက စူပုတ်နေတာပဲ..."

"...မက မောင့်ကို မချစ်လို့လား..."

"...ဘာဖြစ်လို့လဲ..."

"...ဟော..တွေ့လား...ချစ်ပါတရ် လို့ တန်းမဖြေဘူး...မေးခွန်းက ပြန်ထုတ်နေတယ်...သေချာပါပြီ...မ နောက်တစ်ယောက် နဲ့ တွေ့နေတာလား...ဘယ်သူလဲ...ဘယ်ကောင် လဲ..."

မကို ချစ်လို့ ( Unicode) Место, где живут истории. Откройте их для себя