မကို ချစ်လို့
🌸pann
Part ( 17 )
ဟိဏ်းသစ် ကားကို...ခြံရှေ့ရပ်၍...လူပဲ ဆင်းကာ...အိမ်ထဲ ဝင်ဖို့ အပြင်ဘက်ကနေ တစ်ချက် အကဲခတ်နေသည်...
ဒေါ်သီတာ စျေးဆွဲခြင်း ဖြင့်...အိမ်ထဲမှ ထွက်လာသည်...
"...သား...သား ရောက်နေပြီလား..."
"...ဟုတ်တယ်...အမေ...မ ရော နိုးပြီလား..."
"...အခုမှ ထတာ...လာ...အထဲဝင်...အမေ စျေးသွားလိုက်ဦးမယ်..."
"...မ က အခုမှ ထတာ မလား..."
"..အင်းလေ...သားရဲ့...ဘာဖြစ်လို့လဲ..."
"...သား...မ ကို စောင့်နေမှာ ကြာမှာ...မိန်းကလေး တွေက ပြင်လို့ ဆင်လို့ က တော်ရုံတန်ရုံဆို
မပြီးဘူး...အဲ့တော့ သား အမေ့ကို စျေးလိုက်ပို့မယ်..."
"...အေးအေး...သား သဘော...သမီး ရှိရက်နဲ့ သမီး နဲ့ အတူ စျေးမသွားဖြစ်ဘူး...သား နဲ့ ကျမှ စျေးသွားဖြစ်တော့တယ်..."
"...ခဏနော်...အမေ...သား မ ကို သွားပြောလိုက်ဦးမယ်..."
"....အေးအေး..."
ဟိဏ်းသစ် အမြန် အိမ်ထဲ ပြေးဝင်လိုက်သည်
"...မ...မ...မ..."
"..မ..ဒီမှာ..."
ထမင်းစားခန်းဘက်က အသံ...ပါးစပ်ထဲက အစာ တွေနဲ့...ပြန်ထူးသံ ကြားတော့...ထမင်းစားခန်း ဘက်သို့...ဦးတည် လျှောက်သွားသည်...
ဟော...တွေ့ပါပြီ...
ဘာမှ မလိမ်းထားဘဲ...ပကတိ ရှင်းရှင်းလင်းလင်း မျက်နှာ ပိုင်ရှင်လေး...
"...မောနင်းပါ...မ..."
"...မောနင်း..."
"...မောင်...အမေ့ကို စျေးထဲလိုက်ပို့ ပေးလိုက်ဦးမယ်...မ က ပြင်ထားနှင့်...မောင် ပြန်ရောက်တာ
နဲ့ သွားရအောင်..."
နှင်းပွင့်အိမ် ထမင်းစားရင်း...ဇွန်းကိုင်ထားသော လက်က လက်မ နှင့် လက်ညိုး ထိကပ်ကာ ( 👌) လုပ်ပြနေတော့...ဟိဏ်းသစ် အသည်း ယား ကာ...နှင်းပွင့်အိမ် ၏ ဆံပင်ကို ဖွ ပစ်လိုက်သည်...
"...သွားပြီ..."
"...အင်း.."
.
YOU ARE READING
မကို ချစ်လို့ ( Unicode)
Romanceမိန်းကလေး ဆိုတာ.. အသုံးအဆောင် ပစ္စည်း တစ်ခု..ပါလို့ သတ်မှတ်ထားတဲ့ မောင်.. မကိုရော အသုံးအဆောင် ပစ္စည်း လို့ သတ်မှတ်ထားလေမလား.. မ စိုးရိမ်နေမိတယ် မောင်.. မ အသည်းကွဲမှာ ကြောက်နေမိတယ် မောင်ရယ်.. နှင်းပွင့်အိမ်... မ..မရဲ့အချစ်စစ် အချစ်မှန် ကို မောင် ဘယ်ခ...
